အိမ်ယာမဲ့.......များ
အင်းတော်မြို့နယ်၊မော်လူးမြို့ပေါ်ရှိ ဘူတာလမ်း၊လမ်းမတော်လမ်း ဘေးဝဲယာတစ်လျှောက် ဈေးဆိုင်များအများအပြားဖွင့်လှစ်ရောင်းချကြသည်မှာ မော်လူးသားတော်တော်များများးအသိပင်။
ဈေးဆိုင်ရှေ့အဖီချထားသောနေရာ၊ဆိုင်ခန်းအမိုးအောက်တို့၌ ညအချိန်စည်းကမ်းမဲ့လွတ်ထားသောနွားများဝင်ရောက်၍ နွားချေးများ၊အညစ်အကြေးများ စွန့်ထားတတ်သည်။
မနက်ဆိုင်ခန်းခင်းလျှင်ဆိုင်ရှင်တို့အတော်ဒုက္ခရောက်၊စိတ်ညစ်ကြရသည်။ ထို့ပြင် ညအချိန် ကားလမ်းများပေါ်၌အုပ်စုလိုက်အိပ်စက်ကြသောကြောင့် လမ်းရှင်းသည်အထင်ဖြင့်မောင်းနှင်လာသောကားများ၊ဆိုင်ကယ်များလည်းစိတ်အနှောက်အယှက်ဖြစ်၊ဒုက္ခရောက်ကြရလေသည်မှာအမြဲပင်။မတော်တဆတိုက်မိလျှင်သာ နွားပိုင်များ နစ်နာကြေးတောင်းတတ်ကြသည်။မိမိနွားကိုမူထိန်းသိမ်းရကောင်းမှန်းမသိ။ညအချိန်လိုက်မသိမ်းပဲလွှတ်ထားသည်မှာကျနော်တို့လူမျိုးတို့၏ပြုပြင်ရမည်ဖြစ်သော အားနည်းချက်တစ်ခုပင်။
အဆိုပါနွားများမှာမော်လူးမြို့ပေါ်လည်သွားလာလျက်တွေ့ရာဆိုင်များ၌၀င်ရောက်အိပ်တတ်ကြသည်။
ဆိုင်ရှင်များ မိမိဆိုင်နွားမ၀င်အောင် ၀ါးလုံးများ၊ထိုင်ခုံများဖြင့် ကာရံကြရသည်မှာ အလုပ်တစ်ခုပင်။
သို့ပေမဲ့မိုးရွာလျင်ဖြစ်စေ၊ညအချိန်ရောက်တိုင်းလွှတ်ထားသောနွားများကား ၀င်တိုးကာ အိပ်မြဲအိပ်၍အညစ်အကြေးများစွန့်မြဲပင်။ရပ်ကွက်မှူးများမှ အဆိုပါ ညအချိန်လွှတ်ထားသောနွားများအား ထိန်းသိမ်းပေးဖို့ နွားပိုင်ရှင်များအားသတိပေး ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
မိမိဒေသအား စည်းကမ်းရှိရှိဖြင့်ဖွံ့ဖြိုးတိုးတက်စေရန် နွားပိုင်ရှင်များ သတိထားနိုင်ကြဖို့ တင်လိုက်ပါတယ်ခင်ဗျာ....
0 comments:
Post a Comment