23,6,2017 ရက်နေ့
မော်လူးဒေသ၊သူရောင်းကျေးရွာ
သူရောင်းကျေးရွာ ဦးတင်ဝင်း+ဒေါ်မချော တို့၏ သားဖြစ်သူ ၃ဘာသာဂုဏ်ထူးရှင်(ပထ၀ီ၊သမိုင်း၊ဘောဂ)ဘာသာတွဲ-၂ မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး Top-10 အဆင့်(၅)၀င် မောင်ဇော်မျိုးနိုင်နှင့် အင်တာဗျူး....
မောင်ဇော်မျိုးနိုင်မှာ ဦးတင်ဝင်း+ဒေါ်မချော တို့၏ သား(၄)ယောက်ရှိသည့်အနက် တတိယမြောက်သားဖြစ်သည်။သားလေးယောက်၏ ပညာရေးမှာ
၁။ကျော်စွာဝင်း (သတ္တမတန်းအထိကျောင်းပြီး)၊၂။ချစ်နိုင်(အဌမတန်းထိကျောင်းပြီး)၊၃။ ဇော်မျိုးနိုင်*** ၄။ခင်မောင်လတ်(ဆဌမတန်း၊လက်ရှိကျောင်းတက်ဆဲ)တို့ဖြစ်သည်။
မောင်ဇော်မျိုးနိုင်သည် သူရောင်းကျေးရွာ အလယ်တန်းကျောင်းခွဲ၌ စတင် ပညာသင်ကြားခဲ့သည်။ န၀မတန်းတွင် စာကြိုးစားမှုအားနည်းသဖြင့် ဆုမရခဲ့သည်မှအပ ဒုတိယတန်းမှ စ၍ နှစ်စဉ် အတန်းတိုင်း ဆုများအသီးသီးရရှိခဲ့သူဖြစ်သည်။
မိဘများ၏ လယ်ယာအလုပ်အကိုင်တွင်ပါဝင်ကူညီပြီး စာတော်သော ထူးချွန်ကျောင်းသားတစ်ယောက်လည်း ဖြစ်သည်။
မိဘများမှ ရိုးသားသော တောင်သူလယ်သမားများဖြစ်ပြီး မိသားစုတစ်စုလုံး လက်ရှိ လယ်(၄)ဧက တစ်နှစ် စပါး တင်း(၃၀၀)ခန့်နှင့် လုပ်ကိုင်စားသောက်နေကြသူများဖြစ်သည်။
အကိုအကြီးဆုံးဖြစ်သူ မှာ အိမ်ထောင်ကျပြီး အတူနေထိုင်၍ သဲကျောက်ဂွေလုပ်ငန်းလုပ်ကိုင်သည်။
မိခင်ဖြစ်သူမှာ သူရောင်းမှ တစ်မိုင်ခွဲဝေးသော မော်လူးသို့ ဟင်းသီးဟင်းရွက်များအား နံနက်တိုင်း ဈေးသို့ လာရောက်ရောင်းချသူဖြစ်သည်။
မောင်ဇော်မျိုးနိုင်၏ရည်မှန်းချက်မှာ ပညာရေးတက္ကသိုလ်တက်ရောက်ပြီး ဆရာဖြစ်ရန်ရည်မှန်းထားသည်ဟုသိရသည်။
မိဘများမှာ လက်လုပ်လက်စားများဖြစ်၍ မောင်ဇော်မျိုးနိုင်အား ၎င်း၏ရည်မှန်းချက် ပြည့်ဝစေရန် အကူအညီတစ်ချို့ လိုအပ်နေပါသည်။
မောင်ဇော်မျိုးနိုင်အားပညာရေးအကူအညီ အထောက်အပံ့ကူညီပေးလိုပါက ကျနော်တို့ မော်လူးပုံရိပ်မှတစ်ဆင့် ဆက်သွယ်ကူညီပေးနိုင်ကြောင်း ရေးသားအပ်ပါသည်။
မောင်ဇော်မျိုးနိုင်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်း တက်ရောက်သော ညီငယ်၊ညီမငယ်များအားမော်လူးဒေသပညာရေးအတွက် ၎င်းထက်ပိုထွန်းတောက်အောင်မြင်စေလိုကြောင်းနှင့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပေးစေလိုကြောင်း၊ ကြိုးစားအားထုတ်မှုမှအောင်မြင်မှုသို့ လှမ်းတက်နိုင်စေလိုသည်ဟု ဆန္ဒပြုကြောင်းပြောကြားသည်။
#မော်လူးပုံရိပ်
0 comments:
Post a Comment