Friday, 11 March 2016
Home »
» လက်ဆောင်မွန်
လက်ဆောင်မွန်
21:06
No comments
ဟိုပေးဒီပေး
ခုတ်ပစ်ကြတဲ့သစ်၊လည်လိုက်ကြတဲ့
စက်
ခုတော့....
တောပြုန်း...။
ဟိုပေးဒီပေး
တူးပစ်ကြတဲ့ကျောက်၊ဖော်လိုက်ကြတဲ့ရွှေ
ခုတော့......
တောင်ပြုန်း.....။
ဟိုလုဒီသိမ်း
ဟိုဟာလုပ်ဒီဟာဆောက်
ခုတော့.....
လယ်မြေတွေပြုန်း.....။
ပြုန်း..ပြုန်း..ပြုန်း...ပြုန်း
အကုန်ပြုန်း
တောပြုန်းတောင်ပြုန်း
လယ်ပြုန်းယာပြုန်း
ပညာရေး လည်းပြုန်း
ကျန်းမာရေးပြုန်း
ဟိုပြုန်းဒီပြုန်း
အကုန်ပြုန်း.....။
မျိုးဆက်သစ်တို့ရေ
မင်းတို့လက်မင်းတို့ခြေတွေ
သန်မာအောင်မွေးမြူ ထား
လူကြီးတွေပေးတဲ့
မင်းတို့အမွေ
မင်းတို့ရတဲ့မြေ
အခွံသက်သက်ဖြစ်လို့လေ...။
ဆူးအိမ်လှိုင်း
0 comments:
Post a Comment