ဈာပန ချရမဲ့ လောက...........
စာရိတ္တကို ဈာပန ချ
အမှန်တရားတို့ ပျောက်ဆုံး
အတ္တအမှောင်ဖုံးတဲ့..
အလင်းမဲ့ လောက.......
မောဟတွေပြည့်လို့
မုသားတွေလှိုင်လှိုင်သုံး
ညီမျှခြင်းတွေ ပျောက်ဆုံး
လူလုံးမလှတော့တဲ့....လောက....
မေတ္တာ...ဂရုဏာ....မုဒိတာ...ထက်
ဥပေက္ခာသာ နှလုံးသွင်း
လူဖြစ်ရှူံးရင်းနဲ့ပဲ
ရှင်သန်ခြင်းတွေ လောင်မြိုက်
မှောင်မိုက်တဲ့...လောက.....
လိမ်နိုင်လျှင် ပညာရှိ....
ညာနိုင်လျှင်...က၀ိ...
အသိတရားမဲ့ဇာတ်ခုံပေါ်က
ကြည့်မကောင်းတဲ့ပြဇာတ်
ဒီတင် ..တစ်စခန်းရပ်
ကတ်.................။
0 comments:
Post a Comment