2.2.2017ရက်နေ့
အင်းတော်မြို့နယ် ၊မော်လူးဒေသ၊သူရောင်းကျေးရွာ၊ လေးတန်ချောင်းကူး "ကြံတိုင်းအောင် တံတား" ပြန်လည်ပြင်ဆင်ပြီးစီး၍ ဖွင့်ပွဲပြုလုပ်........
ယနေ့ညနေ ၂း၀၀နာရီအချိန် သူရောင်းကျေးရွာ၊လေးတန်ချောင်းကူး ကြံတိုင်းအောင်တံတားအား ပြန်လည်ပြုပြင်ပြီး၍ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပသည်။
အဆိုပါဖွင့်ပွဲသို့ အင်းတော်မြို့နယ် မြို့နယ်အုပ်ချုက်ရေးမှူးဦးမြတ်ကိုထွေး၊ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးတင်ယု၊မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဌ ဒေါ်ဝေညို၊ ဥပဒေအရာရှိ ဦးကျော်စွာခိုင်၊မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး၊သူရောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ပညာရေးဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရွာသူ/သားများ ၊ကျောင်းသား/သူများ စုံညီစွာတက်ရောက်ကြသည်။
ဖွင့်ပွဲအား သူရောင်းကျေးရွာ အ.လ.က(ခွဲ) ဘင်ခရာအဖွဲ့မှ ဂုဏ်ပြု တီးမှုတ်ပေးသည်။
အင်းတော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြတ်ကိုထွေးမှ အဖွင့်အမှာစကားပြောကြားပြီး၊သူရောင်းကျေးရွာ ရပ်မိ/ဖ ဦးထွန်းဝင်း မှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကြံတိုင်းအောင်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ မှ တံတားပေါ်ဖြတ်သန်းကြည့်ရှူကြသည်။
ယခုပြန်ပြင်ထားသော လေးတန်ချောင်းကူး ကြံတိုင်အောင်တံတား ပြင်ဆင်ခြင်းကုန်ကျငွေမှာ (လုပ်အားခမပါ)ကျပ်သိန်း၁၈၀ကျော်ရှိပြီး၊စေတနာရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ဆောင်ရွက်ရထားကြောင်းသိရသည်။
သူရောင်းကျေးရွာမှ နေ့စဉ် လူအား၇၀ကျော်နှင့် ရက်ပေါင်း၂၀ခန့် လုပ်ဆောင်ရကြောင်းသိရပါသည်။
တက်ရောက်လာသောဧည့်ပရိသတ်အပေါင်းအား သူရောင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌ မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံသည်။
အခမ်းအနားကို ညနေ ၃နာရီအချိန်တွင်ပြီဆုံး၍ ယနေ့ဖွင့်ပွဲသို့ တက်ရောက်သူစုစုပေါင်းအင်အား ၂၀၀ကျော်ရှိကြောင်း မော်လူးပုံရိပ်မှ သတင်းရရှိပါသည်။
#Maw Luu´s Images,
Red Heart Images.
0 comments:
Post a Comment