7.2.2017ရက်နေ့
စစ်ကိုင်းတိုင်းဒေသကြီး ၊အင်းတော်မြို့နယ်၊မော်လူးဒေသ ၊ကိုးတိုက်နယ် ဒီပင်္ကရာ မဟာစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် စတင်နေပြီဖြစ်.......
နှစ်စဉ် ကျင်ပမြဲဖြစ်သော နာမည်ကျော် ဒီပင်္ကရာ မဟာစေတီဗုဒ္ဓပူဇနိယပွဲတော်ကို 6.2.2017 ရက်နေ့ညမှစတင်ကာ ကျင်းပပြုလုပ်နေပြီဖြစ်သည်။
ယခုနှစ် ခင်းကျင်းရောင်းချသော ဈေးဆိုင်တန်းများမှာ ယခင်နှစ်ထက် ပိုပိုများပြားစည်ကားလှ၍ ကလေးများဆော့ကစားနိုင်သည့် နေရာများလည်း စုံလင်စွာ လာရောင် ခင်းကျင်းထားသည်ကိုတွေ့ရလေသည်။
အ၀တ်အထည်ဆိုင်တန်းများ မုန့်ဆိုင်တန်းများ လူသုံးကုန်ပစ္စည်းများ ၊ကစားစရာ ရောင်းချသည့်ဆိုင်တန်းများစသဖြင့် အမျိုးအစားစုံလင်စွာ လာရောက်ရောင်းချကြသည်ကိုလည်းတွေ့နိုင်သည်။
ထူးခြားသည်မှာ ရံပုံငွေကံစမ်းမဲ လက်မှတ်များရောင်းချသော မဲရုံများမရှိတော့ခြင်းပင်။
အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချသည့်ဈေးသည်များ၊ပျော်ရွှင်ဆော့ကစားစရာနေရာများ၊နယ်ခံ ဆိုင်တန်းများ၊ပွဲပျော်လာကြသူများဖြင့်
ယခင်နှစ်များထက် ပိုမိုစည်ကားသည်ကိုလည်း တွေ့ရသည်။
6.2.2017 ရက်နေ့မှ 11.2.2017ထိ
တပို့တွဲလဆန်း(၁၀)ရက်နေ့မှ တပို့တွဲ လပြည့်နေ့အထိ ၅ရက် နှင့် ၆ညတိုင်အောင် "မန္တလာ ထိပ်ခေါင်" ဇာတ်ပွဲဖြင့် ကပြဖြေဖျော်မည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မိတ်ဆွေအပေါင်းအား လာရောက် ပျော်ပါးစိတ်ကြည်နူးနိုင်စေဖို့ မော်လူးပုံရိပ်မှ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ.....။
#Maw Luu´s Images,
Red Heart Images.
0 comments:
Post a Comment