်
ရောက်တတ်ရာရာ အတွေးများ
ဖတ်မိသမျှကဗျာရသ
မုံရွာမင်းသူရဆိုတာအချိုးကဗျာ
တော်တော်များရေးတင်သူအဖြစ်
သတိထားမိပါတယ်။
ဒါပေမဲ့သူ့ကဗျာတွေကတစ်ဖက်
ကိုတိုက်ခိုက်သောကဗျာတွေသာ
များပါတယ်။အထူးသဖြင့်လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို
တိုက်ခိုက်ထားတာတွေအများဆုံး
လို့ဆိုရမယ်ထင်ပါတယ်။
မစ္ဆရိယစိတ်ဆိုတာအတော်
ကြောက်စရာကောင်းပါလားလို့
သံဝေဂရမိပါတယ်။မစ္ဆရိယစိတ်ဟာ
ကိုယ့်ထက်သာသူတွေကိုမလိုမုန်း
ထားဖြစ်ပေါ်လေ့ရှိပါတယ်။
ခုလည်း မင်းသူရကလူထုခေါင်း
ဆောင်ကိုမန်လည်ဆရာတော်ရေး
သားပြု စုခဲ့တဲ့မဃဒေ၀ကျမ်းထဲက
ကောက်နုတ်ပြီးတိုက်ခိုက်ထားပြန်
ပါတယ်။
မိန်းမ ဖျက်က၊ပြည်ပျက်တတ်စွာ
ဆိုတဲ့စကားစုကိုညွန်းပြီးအမေစုကို
တိုက်ခိုက်တယ်လို့ထင်ပါတယ်။
တကယ်ဆိုမန်လည်ဆရာတော်
ရဲ့စကားစုကိုလူတွေကလွဲမှားစွာ
အတွေးကောက်မှားကြတယ်လို့ဆို
ချင်ပါတယ်။ကိုယ်လိုရာဆွဲတွေးကြ
တာလည်းပါမှာပေါ့။
ဆရာတော်ရဲ့စကားစုကိုလွဲမှား
စွာမကောင်းတဲ့အဓိပ္ပါယ်ဖွင့်လေ့ရှိ
ကြပါတယ်။
ကျွန်တော်တို့ကောင်းသောအ
တွေး၊ကောင်းသောအမြင်နဲ့အဓိပ္ပါယ်
ဖွင့်ကြရင်ရော။ဒီလိုဆိုရင်တော့မိန်း
မတွေဟာသူတို့မလုပ်ချင်မှနေရော
လုပ်ချင်ပြီဆိုကြံတိုင်းပြီးတယ်၊
တိုင်းပြည်ပျက်အောင်ပင်ဖျက်နိုင်ရင်
ထူထောင်တဲ့နေရာမှာလည်းတူမတူအောင်ထူထောင်နိုင်တယ်။
အဲဒီလိုကောင်းတဲ့ဖက်ကယူသော်ရပေတယ်။
ဆရာစိန်တူရဲ့ကဗျာနဲ့အဆုံး
သတ်ပါရစေ။အောက်မှာဖတ်ကြည့်
ပါ။
တွေးကြည့်
ရေစားတိုင်းသာကမ်းပြိုခဲ့လျှင်
ဘယ်မှာမြေကြီးရှိပေလိမ့်...။
အဖျက်သမား
ဖျက်ဆီးတိုင်းသာပျက်ခဲ့ပါမူ
ဘယ်မှာလူ့အဖွဲ့စည်းရှိပေလိမ့်...။
သောင်ထွန်းတိုင်းသာ
ကမ်းတည်ခဲ့သော်
ဘယ်မှာရေပြင်ကျန်ပေလိမ့်....။
မိန်းမဖျက်တိုင်းပျက်စီးခဲ့လျှင်
ဘယ်မှာဗုဒ္ဓပွင့်ပေလိမ့်...။
စိန်တူ
ဤအပတ်ဤမျှသာ
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
ရောက်တတ်ရာရာ အတွေးများ
ဖတ်မိသမျှကဗျာရသ
မုံရွာမင်းသူရဆိုတာအချိုးကဗျာ
တော်တော်များရေးတင်သူအဖြစ်
သတိထားမိပါတယ်။
ဒါပေမဲ့သူ့ကဗျာတွေကတစ်ဖက်
ကိုတိုက်ခိုက်သောကဗျာတွေသာ
များပါတယ်။အထူးသဖြင့်လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို
တိုက်ခိုက်ထားတာတွေအများဆုံး
လို့ဆိုရမယ်ထင်ပါတယ်။
မစ္ဆရိယစိတ်ဆိုတာအတော်
ကြောက်စရာကောင်းပါလားလို့
သံဝေဂရမိပါတယ်။မစ္ဆရိယစိတ်ဟာ
ကိုယ့်ထက်သာသူတွေကိုမလိုမုန်း
ထားဖြစ်ပေါ်လေ့ရှိပါတယ်။
ခုလည်း မင်းသူရကလူထုခေါင်း
ဆောင်ကိုမန်လည်ဆရာတော်ရေး
သားပြု စုခဲ့တဲ့မဃဒေ၀ကျမ်းထဲက
ကောက်နုတ်ပြီးတိုက်ခိုက်ထားပြန်
ပါတယ်။
မိန်းမ ဖျက်က၊ပြည်ပျက်တတ်စွာ
ဆိုတဲ့စကားစုကိုညွန်းပြီးအမေစုကို
တိုက်ခိုက်တယ်လို့ထင်ပါတယ်။
တကယ်ဆိုမန်လည်ဆရာတော်
ရဲ့စကားစုကိုလူတွေကလွဲမှားစွာ
အတွေးကောက်မှားကြတယ်လို့ဆို
ချင်ပါတယ်။ကိုယ်လိုရာဆွဲတွေးကြ
တာလည်းပါမှာပေါ့။
ဆရာတော်ရဲ့စကားစုကိုလွဲမှား
စွာမကောင်းတဲ့အဓိပ္ပါယ်ဖွင့်လေ့ရှိ
ကြပါတယ်။
ကျွန်တော်တို့ကောင်းသောအ
တွေး၊ကောင်းသောအမြင်နဲ့အဓိပ္ပါယ်
ဖွင့်ကြရင်ရော။ဒီလိုဆိုရင်တော့မိန်း
မတွေဟာသူတို့မလုပ်ချင်မှနေရော
လုပ်ချင်ပြီဆိုကြံတိုင်းပြီးတယ်၊
တိုင်းပြည်ပျက်အောင်ပင်ဖျက်နိုင်ရင်
ထူထောင်တဲ့နေရာမှာလည်းတူမတူအောင်ထူထောင်နိုင်တယ်။
အဲဒီလိုကောင်းတဲ့ဖက်ကယူသော်ရပေတယ်။
ဆရာစိန်တူရဲ့ကဗျာနဲ့အဆုံး
သတ်ပါရစေ။အောက်မှာဖတ်ကြည့်
ပါ။
တွေးကြည့်
ရေစားတိုင်းသာကမ်းပြိုခဲ့လျှင်
ဘယ်မှာမြေကြီးရှိပေလိမ့်...။
အဖျက်သမား
ဖျက်ဆီးတိုင်းသာပျက်ခဲ့ပါမူ
ဘယ်မှာလူ့အဖွဲ့စည်းရှိပေလိမ့်...။
သောင်ထွန်းတိုင်းသာ
ကမ်းတည်ခဲ့သော်
ဘယ်မှာရေပြင်ကျန်ပေလိမ့်....။
မိန်းမဖျက်တိုင်းပျက်စီးခဲ့လျှင်
ဘယ်မှာဗုဒ္ဓပွင့်ပေလိမ့်...။
စိန်တူ
ဤအပတ်ဤမျှသာ
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်