ရောက်တတ်ရာရာ အတွေးများ
ပြည်သူအတွက်ခြေလှမ်းစပြီ
ဒီချုပ်ကိုယ်တွေနှင့်တွေ့ဆုံပွဲမှာ
အမေစုရဲ့စကားသံကြားရတာတိုင်း
ပြည်နှင့်ပြည်သူတွေအတွက်အားရှိ
စရာသတင်းကောင်းတစ်ခုပါပဲ။
ဒါပေမဲ့ဖြန့်ထွက်ပြီးအတွေးဖြန့်မိ
ပြန်တယ်။ဘာလို့လဲဆိုတော့သတင်း
တွေကပြောပါတယ်လို့ဆိုကြပါတယ်။ဆွေးနွေးတိုင်ပင်တယ်လို့ဆိုမထား
တော့မင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ငါကတော့ဒီလိုလုပ်မယ်ဆိုရင်
တော့ဟိုအစိုးရတွေလိုများအာဏာ
ရှင်ဆန်နေလေမလား။
ကျွန်တော်တို့ကအာဏာရှင်စ နစ်ကိုမကြိုက်လို့တော်လှန်ခဲ့ကြ
တယ်။နောက်ထပ်ထပ်မကြုံချင်တော့
ဘူး။ဒါကအာဏာရှင်စနစ်ထပ်ပေါ်
လာမှာကိုမလိုလားလို့တွေးမိတွေး
ရာတွေးမိတာပါ။
တကယ်ဆိုအမေစုကိုကျွန်တော်တို့ယုံကြည်ပြီးသားပါ။ဒီလစာဖြတ်
တောက်တာကလည်းခုမှမဟုတ်ပါ
ဘူး။လွတ်တော်ထဲဝင်စလစာတိုး
စဉ်ကထဲကဖြတ်တောက်ခဲ့တယ်
လို့သိထားပါတယ်။
ဒါဟာဒီချုပ်ရဲ့တိုင်းပြည်အပေါ်
ထားတဲ့စေတနာပါ။သူများနိုင်ငံတွေ
ထက်နောက်ကောက်ကျနေတဲ့တိုင်း
ပြည်နဲ့ပြည်သူတွေ၊ခေတ်ပျက်စနစ်
ဆိုးကြားမှာဆင်းရဲတွင်းနက်ထဲလူး
လိမ်ခံစားနေကြရတဲ့ပြည်သူတွေ
အတွက်ပြန်လည်ထူထောင်ရေးမှာ
ဖြည့်တင်းဖို့ဒီချုပ်ကိုယ်တွေထံမှာ
လစာဖြတ်တောက်သွားမယ်ဆိုတာ
ဒီချုပ်ရဲ့စေတနာပါ။
တိုင်းပြည်လူထုဆင်းရဲမွဲတေနေ
စဉ်ကိုယ်စားလှယ်တွေကအကြောင်း
အမျိုးပြလစာတွေတနင့်တပိုးသဲ့ယူ
နေကြရင်ဘယ်တရားပါမလဲ။
ကောင်းပါတယ်။သင့်မြတ်ပါပေ
တယ်။ဝမ်းသာခြင်းနဲ့သာဓုခေါ်ကြ
ရမယ်။ဒီလုပ်ရပ်အပေါ်ဒီချုပ်ကိုယ်
စားလှယ်တွေကလည်းကြည်ကြည်
ဖြူဖြူ ၀မ်းပန်းတသာလက်ခံကြလိမ့်
မယ်လို့မျှော်လင့်ပါတယ်။
ဘာလို့ဆိုရွေးကောက်ပွဲဝင်ဖို့
စည်းရုံးလှုံဆော်စဉ်ကပြည်သူ့
အတွက်ပြည်သူ့အတွက်ရယ်လို့
လှုံဆော်စည်းရုံးခဲ့ကြတယ်။ခုစစခြင်း
ုပြည်သူ့အတွက်အနစ်နာခံဖို့စတင်
လိုက်ပါပြီ။ဒီအတွက်ဒီချုပ်ကိုယ်စား
လှယ်လောင်းတွေကျေနပ်ကြည်ဖြူ
နိုင်ကြပါစေ။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment