Pages

Sunday, 26 March 2017

26,March,2017ရက်​​နေ့ ​​မော်​လူး ၊ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်းလုပ်​ငန်း ​ဆောင်​ရွက်​​နေမှုသတင်း........

26,March,2017ရက်​​နေ့
မော်​လူး ၊ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်းလုပ်​ငန်း ​ဆောင်​ရွက်​​နေမှုသတင်း........

ယ​နေ့ ​နေ့လည်​ ၁၁း၀၀နာရီအချိန်​တွင်​ အင်း​​တော်​မြို့နယ်​၊ဆည်​​မြောင်း ဦးစီးမှူး ဦးတင်​မျိုး​ဆွေ ၊ ​မော်​လူးအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့်​ ၊ကရင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသန်း​​မောင်​ ၊
မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်အဖွဲ့ဝင်​များနှင့်​အတူ ​မော်​လူးအ​ရှေ့ဘက်​ ၊ ကရင်​ရွာအနီးရှိ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်း လုပ်​​ဆောင်​​နေမှုအား သွား​ရောက်​ ကြည့်​ရှူ စစ်​​ဆေးကြပါသည်​။

ကျောက်​ဆည်​ ​ရေကာတာပြန်​လည်​ပြုပြင်​ခြင်းအား ၂၀၁၅ ခုနှစ်ကတည်းက လွှတ်​​တော်​တွင် အဆိုတင်ထား​ခြင်းဖြစ်​ပြီး ဖွံ့ဖြိုး​ရေးရန်​ပုံ​ငွေ သိန်း၆၅၀ကျပ်​ ချ​ထား​ပေးမှုဖြင့်​​ဆောင်​ရွက်​​နေခြင်းဖြစ်​သည်​။

လုပ်​ငန်းစတင်​သည့်​ရက်​မှာ ​ဖော်​​ဖော်​၀ါရီလ (၇) ရက်​​နေ့ဖြစ်​သည်​။လုပ်​ငန်းဆောင်​ရွက်​ပြီးစီးမည့်​ကာလမှာ မတ်​လကုန်​အထိ ဖြစ်​​သော်​လည်း စက်​ပစ္စည်း၊ယန္တယားများ အ​ရောက်​​နောက်​ကျခြင်း​ကြောင့်​ သင်္ကြန်​အပြီးတွင်​မှ လုပ်​ငန်းပြီးစီးမည်​ဟု သိရပါသည်​။

လုပ်​ငန်း​ဆောင်​ရွက်​​နေသည့်​ စက်​နှင့်​လူအင်​အားမှာ -ယန္တယားစက်​ကြီး (၂)စီး ၊၀န်​ထမ်း၎​ယောက်​နှင့်​ ပန်းရံသမားအဖွဲ့ (၂၀​)​ယောက်တို့ဖြင့်​ လုပ်​​​ဆောင်ေ​န​ကြောင်း သိရပါသည်​။

ရေကာတာထိပ်​နှစ်​ဖက်​ကြား ​ရေ​ကျော်​မျက်​နှာပြင်​​အကျယ်​မှာ​ ပေ၁၀၀ရှိပြီး ​၊ ချောင်းရေတိုက်​စားမှုမှကာကွယ်​ရန်​ ​ရေ၀ပ်​ဧရိယာ ​ရေထိမ်းနံရံအား ​ကျောက်​စီတမံလုပ်​ခြင်း ၊​ချောင်းအား ​ရေ၀င်​ဧရိယာများ​အောင်​ ​ပေ၂၀ခန့်​ ချဲ့​ခြင်း၊ ​မြေထိမ်းနံရံလုပ်ဆောင်​​နေခြင်းတို့ကို ယ​နေ့​တွေ့မြင်​ရသည်​။

ပျက်​စီး​ယိုယွင်း​နေ​သော ​ရေကာတာအား အမြင့်​ (၇)လက်​မ​ခန့်​တစ်လွှာမြင့်​ပြီး​ ၊ အောက်​ဆုံးတစ်​လွှာထပ်​ခင်းကာ မူလ (၃)လွှာနှင့်​ စုစု​ပေါင်း (၅)လွှာ အထိပြင်​ဆင်​လုပ်​​ဆောင်​ထားသည်​ကိုလည်း ​တွေ့ရသည်​။

လတ်​​တ​လော ဆည်​မှရေအား ​ရေလွှဲ​မြောင်းမှတစ်​ဆင့်​ ကရင်​ရွာနှင့်​​မော်​လူးမြို့တွင်းသို့စီး​စေပြီး ဆည်​​အောက်​တွင်​ ပြုပြင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​​နေခြင်း​ကြောင့်​ ​ရေစီးဆင်းမှုမရှိသည်​ကို​ တွေ့ရသည်​။

မိုးမကျမှီ ​ကျောက်​ဆည်​ပြုပြင်​ခြင်းလုပ်​ငန်းအပြီးသတ်​လုပ်​​ဆောင်​မည်​ဖြစ်​ပြီး လက်ရှိ
ပြီးစီးမှုရာခိုင်​နှုန်းမှာ ၇၅ ရာခိုင်​နှုန်းခန့်​ရှိ​ကြောင်း ​သိရပါသည်​။
#Maw Luu´s Images,
Red Heart Images.

0 comments:

Post a Comment