Pages

Thursday, 30 March 2017

30,March 2017 ​မော်​လူး ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်​ရှူ.......

30,March 2017
မော်​လူး ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်​ရှူ.......

ယ​နေ့နံနက်​၁၁း၄၅အချိန်​ ​မော်​လူးအုပ်​စု အုပ်ချုပ်​​ရေးမှူး ဦးစိုးမြင့်​၊​မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ အဖွဲ့ဝင်​များ၊ ​ဒေသခံ ​တောင်​သူလယ်​သမားများ နှင့်​အတူ ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်း ​​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်ရှူကြသည်​။

ကျောက်​ဆည်​​ရေကာတာ သမိုင်းအကျဉ်း........

၁၉၅၈ ခုနှစ်​၊ပြည်တော်သာစီမံကိန်း
ကာလတွင်​(​ယခုလက်​ရှိ​​​တွေ့မြင်​ရ​သော ဆည်​မရှိ​သေး)ချောင်းအားကန့်​လန့်​ဖြတ်​၍ သံလမ်းတိုင်​များစိုက်​ကာ ​ကျောက်​များပုံပြီး ​မော်​လူးမြို့နှင့်​အနီးပါတ်​၀န်းကျင် ​​ကျေးရွာများ သုံး​ရေနှင့်​လယ်​​မြေများ​ရေရရှိရန် ​ရေလမ်း​ကြောင်း လွှဲ​ပေးခြင်းဖြစ်​သည်​။

၁၉၇၆ ၀န်းကျင်​ (ပါတီ​ကောင်​စီ​ခေတ်​)​မော်​လူးဥက္ကဌ ဦးပါ ၊အတွင်း​ရေးမှူး ဦးပွကြီး လက်​ထက်​တွင်​မှ
ယခုလက်​ရှိ​တွေ့မြင်​ရ​သော ဆည်​အား မြို့နယ်​အကူအညီယူ၍ တည်​​ဆောက်​ခဲ့ခြင်းဖြစ်​သည်​။
##############

ရာသီဥတုဒဏ်​​ကြောင့်​ ပျက်​စီးယိုယွင်း​နေ​သော ယခုလက်ရှိ​​ဆည်​အား ပြန်​လည်​ပြုပြင်​ရန်​ သီးသန့်​ရံပုံ​ငွေ ချထား​ပေးခြင်းမရှိပါ။
တင်​ဒါပိုလျှံ​ငွေ သန်း၈၀ထဲမှ ၀န်​ကြီးချုပ်​၏ ခွင့်​ပြုမိန့်​ဖြင့်​ ​ပြောင်းရွေ့သုံးစွဲခြင်း ဖြစ်သည်​။
(ခွင့်​ပြု​ငွေ ကျပ်​ ၆၅ သန်း)
၂၀၁၇၊ဇန်​န၀ါ၇ီလမှ ခွင့်​ပြုမိန့်ကျပြီး ခွင့်​ပြု​ငွေ ပမာဏမှာ ကျပ်​ ၆၅ သန်း ဖြစ်​သည်​။

အ​ပေါ်ဆုံးအလွှာနှင့်​ထပ်​တိုး​အောက်ဆုံး​ကြမ်း​ခင်းအလွှာတို့အား အမြင့်​ ၉ လက်​စီ မြင့်​ထားပြီး အပေါ်ဆုံးအလွှာအား မျက်​နှာပြင်​ညီခင်းမည့်​အတွက်​ စုစု​ပေါင်း အလွှာ ၄ လွှာ ဖြစ်​မည်​ဟုသိရသည်​။

ယ​နေ့ ဒုတိယ​​အလွှာအား ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း လုပ်​ကိုင်​​နေသည်​ကို သွား​ရောက်​ကြည့်​ရှူကြခြင်းဖြစ်​သည်​။

သင်္ကြန်​အပြီးတွင်​မှ လုပ်ငန်းပြီးစီးမည်​ ဖြစ်​ပြီး လက်ရှိပြီးစီးမှု ရာခိုင်​နှုန်း
မှာ ၉၃ ရာခိုင်​နှုန်းဖြစ်​သည်​။
#Maw Luu´s Images,
Red Heart Images.

0 comments:

Post a Comment