31.3.2017
မော်လူးဒေသ၊ဟောင်းတုန်းကျေးရွာအုပ်စု၊ဟောင်းတုန်းရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်သူ၏ ဥပဒေမဲ့လုပ်ရပ်.........
လွန်ခဲ့သောတစ်ပတ်ကျော်လောက် က ဟောင်းတုန်းရွာတွင် အသက်၂၄နှစ်ခန့်ရှိ မောင်ဌေးအောင် လင်မယားချင်း စကားများရန်ဖြစ်နေ၍ ဟောင်းတုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းညွန့်နှင့် ဆယ်အိမ်မှူးများ ၊အရန်မီးသတ်အဖွဲ့ဝင်များမှ ကြိုးတုပ်၍ရုံးသို့ခေါ်ဆောင်လာခဲ့သည်။
မောင်ဌေးအောင်မှာ အရက်သေစာသောက်စားထားပြီး ချည်ထားသောကြိုးအားဖြေ၍ အုပ်ချုပ်ရေးမှူးအား ဆဲဆိုထွက်ပြေးပါသည်။
အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ၀ိုင်းဝန်းဖမ်းဆီးကာ နောက်တစ်ကြိမ်
အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ပြီး
ဆဲဆိုသည့်မောင်ဌေးအောင်အား နောက်ပြန်ကြိုးတုပ်၍ ထိုးကြိတ် ရိုက်နှက်ကြသည်။
ထို့နောက် အုပ်ချုပ်ရေးမှူးအားဆဲဆိုသဖြင့် လျှော်ကြေးငွေ၎သိန်းပေးရန် လက်မှတ်ထိုးစေပါသည်။အုပ်ချုပ်ရေးမှူးမှ မောင်ဌေးအောင်အား
`ကျွဲသင်းပြုတ်သွားချင်လား´ဟုလည်း ခြိမ်းခြောက်ပြောဆိုပါသည်။
မောင်ဌေးအောင်မှာ ဟောင်းတုန်းကျေးရွာ ဦးအောင်မောင်း+ဒေါ်နန်းတင်တို့၏ သားဖြစ်ပြီး မိဘနှစ်ပါးလုံး ကွယ်လွန်သွားကြပြီဖြစ်သည်။
မောင်ဌေးအောင်၏ရရှိသော ဒဏ်ရာဒဏ်ချက်တို့ကို အများသူဌာမသိစေပဲ လင်မယားနှစ်ယောက် မော်လူးဆေးရုံသို့နေ့စဉ် ဆိုင်ကယ်ဖြင့်
လာ၍ ဆေးကုနေရသည်။
ဆေးဘိုးလည်းမရှိ၊လက်မှတ်ထိုးထားသော လျှော်ကြေးငွေ၎သိန်းပေးရမည့်ရက်ကလည်းနီးလာနှင့် မောင်ဌေးအောင်တို့လင်မယားနှစ် အတော်ခေါင်းရှူပ်နေရှာသည်။
၎င်း၏ဘကြီးတော်စပ်သူလာမှ တူတော်ဖြစ်သူ၏ အဖြစ်ကိုသိရှိပြီး အရိုက်လည်းခံရ အလျှော်လည်းပေးရသည်မှာ ပုံစံမကျကြောင်းပြောဆိုပြီး မော်လူးဆေးရုံသို့သွားရောက်တက်ခိုင်းလေသည်။
မော်လူးဆေးရုံ၌ နားထဲမှသွေးများထွက်နေသည်မှာ မသက်သာပဲ ဖြစ်စဉ်ကို လူအများ အကြောင်းစုံသိရှိကုန်သဖြင့်
ဟောင်းတုန်း အုပ်/မှူးမှ ငွေ၁၅သိန်းလျှော်ကြေးပြန်ပေးကာ ၂၉.၃.၂၀၁၇ ရက်နေ့က မန်းလေးဆေးရုံသို့ သွားရောက်ဆေးကုနေသည်ဟု သတင်းရရှိပါသည်။
ဥပဒေအတိုင်းအရေးမယူပဲ
ဒေသခံ ရွာသားတစ်ဦးအား ထိုးကြိတ်ရိုက်နှက်သော ဥပဒေမဲ့လုပ်ရပ်အား အများသိစေရန် ရေးသားဖော်ပြပါသည်။
#Maw Luu´s Images,
Red Heart Images.
0 comments:
Post a Comment