2017-2018 ပညာသင်နှစ် ၊မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ.....
(အ.ထ.က) မော်လူး၊
ယနေ့နံနက် (၁၀း၀၀)နာရီအချိန် မော်လူး အ.ထ.က ကျောင်း သရဖီခန်းမ၌ 2017-2018 ပညာသင်နှစ် ၊မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပသည်။
အခမ်းအနားအစီအစဉ်များမှာ
၁။နိုင်ငံတော်အလံအလေးပြုခြင်း၊
၂။မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း၊
၃။သဘာပတိ ဦးတင်နွယ်၊ဦးအောင်ဝင်း၊ဦးမြသန်းတို့မှ နေရာယူခြင်း၊
၎။သဘာပတိ ဦးမြသန်းမှ အမှာစကားပြောကြားခြင်း၊
၅။အုပ်ချုပ်ရေးမှူးဦးစိုးမြင့်မှ အမှာစကားပြောကြားခြင်း၊
၆။လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျာထွန်းမှ အမှာစကားပြောကြားခြင်း၊
၇။မော်လူးအ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်အေးမှ ၂၀၁၆/၂၀၁၇ ပညာသင်နှစ် လုပ်ငန်းတာဝန်များအစီရင်ခံတင်ပြခြင်း၊
၈။ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင်ရွှေမှ အမှာစကားပြောကြားခြင်း၊
၉။၂၀၁၆/၁၇ မိဘဆရာအသင်းအားဖျက်သိမ်းပြီး ၂၀၁၇/၁၈ မိဘဆရာအသင်းအသစ်အားပြန်လည်ဖွဲ့စည်းခြင်း၊
၁၀။သဘာပတိများ ပြန်လည်ထွက်ခွာခြင်း၊
၁၁။ဆုများပေးအပ်ချီးမြှင့်ခြင်းနှင့် ဖျော်ဖြေခြင်း။
၁၂။အခမ်းအနားပြီးဆုံးကြောင်းကြော်ငြာခြင်းတို့ဖြစ်သည်။
ယနေ့ပြုလုပ်သော အခမ်းအနားသို့
လက်ထောက် မြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျာထွန်း ၊မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် နှင့်အဖွဲ့၊ဋ္ဌာနဆိုင်ရာလူကြီးများ၊ရပ်မိရပ်ဖများ၊ဆုရကျောင်းသား/သူများနှင့်မိဘများ၊စုစုပေါင်းအင်အား ၂၀၀ကျော်တက်ရောက်သည်။
2017-2018 ပညာသင်နှစ် ၊မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား နေ့လည် ၁၁း၃၀နာရီအချိန်တွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။
#မော်လူးပုံရိပ်
0 comments:
Post a Comment