12,7,2017ရက်နေ့
မော်လူး
(19-7-2017)ရက်နေ့တွင် ကျရောက်မည့် (၇၀)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်...
ယနေ့ နေ့လည် ၁၂း၀၀နာရီ အချိန်၊မော်လူးအုပ်ချုပ်ရေးမှူးရုံး၌ မော်လူးအုပ်စု (၁၀)အုပ်စုမှ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ၊နိုင်ငံရေးပါတီများ၊ဌာနဆိုင်ရာ ၀န်ထမ်းများ၊ပြည်သူလူထုများ တက်ရောက်ကာ (၇၀) နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲပြုလုပ်သည်။
(၇၀) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရန် နာယကများ၊အလုပ်အမှုဆောင်များ၊ပွဲဖြစ်မြောက်ရေးကော်မတီများ အသီးသီးဖွဲ့စည်းသည်။
အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ခန့်ငြိမ်သက်ခြင်း၊အလံတိုင်တစ်ဝက်လျှော့ချ၍လွှင့်ထူခြင်း ၊သစ်တောဌာနမှထုတ်ပေးသာ ပျိုးပင်များအား မော်လူး ဟဲနုတောင် ချင်းဒစ်တောင်ကုန်းပေါ်စိုက်ပျိုးခြင်းတို့ လုပ်ဆောင်ကြမည်ဖြစ်သည်။
ယနေ့ပြုလုပ်သော (၇၀)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေး ဆွေးနွေးပွဲသို့ အင်အား (၆၀)ကျော်တက်ရောက်ပြီး အစည်းအဝေးအား မွန်းလွဲ (၁း၃၀) နာရီအချိန် ပြီးဆုံးကြောင်းသတင်းရရှိပါသည်။
#မော်လူးပုံရိပ်
0 comments:
Post a Comment