21,July 2017
မော်လူးဒေသ
“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ(NEP) အမျိုးသားလျှပ်စစ် မီးလင်းရေးစီမံကိန်းအဖြစ် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး ကျေးရွာပြည်သူများ ထည့်ဝင်ငွေဖြင့် ဆိုလာမီးလင်းရေးအား ယခုဇူလိုင်လကုန်တွင်အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မော်လူးဒေသ ဆိုလာမီးလင်းရေးစာရင်းပေးထားသည့်ကျေးရွာများမှာ နမီးအုပ်စုအတွင်းရှိ နောင်ကွတ်၊နားမကြိုင်း၊ခေါင်းတုံးစီ(ရွာသစ်)၊ဆားမှော် ကျေးရွာများ ဖြစ်သည်။
နောင်ကွပ် (၅၃) အိမ်၊ နားမကြိုင်း (၆၄) အိမ်၊ ခေါင်းတုံးစီမှာ (၃၀) အိမ် နဲ့ ဆားမှော်ကျေးရွာမှာ (၇၃) အိမ်အားဇူလိုင်လအတွင်း အပြီးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
14,July 2017ရက်နေ့တွင်
ခေါင်းတုံးစီကျေးရွာ၌ ဆိုလာမီးလာရောက်တပ်ဆင်ပေး၍ မီးစတင်လင်းနေပြီဖြစ်သည်။
ကုန်ကျမှုအသီးသီးအား စာရင်းနှင့်ဖော်ပြအပ်ပါသည်။
နေအိမ်အတွက် (၆၀-၀ပ်) မီးလုံး (၆၄)လုံး၊တစ်လုံးလျှင်(၄၅၀၀၀)ကျပ်နှုန်း၊
လမ်းမီးတိုင်၅တိုင်အတွက် (၇၀-၀ပ်)မီးလုံး ၅လုံး(အခမဲ့) နှင့် စာသင်ကျောင်း၊ဘုန်းကြီးကျောင်း အတွက်(၁၂၀-၀ပ်)၂လုံး (အခမဲ့)
တပ်ဆင်ပေးသွားကြောင်း သိရသည်။
ခေါင်းတုံးစီကျေးရွာ ဆိုလာမီးတပ်ဆင်ခြင်း စုစုပေါင်း ကုန်ကျငွေမှာ(၂၈၈၀၀၀၀/ကျပ်)ဖြစ်ကြောင်း မော်လူးပုံရိပ်မှ သတင်းရရှိသည်။
(မီးမရရှိသေးသည့် အခြားသော ကျေးရွာများအနေဖြင့်လည်း မြို့နယ် ကျေးလက်ဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်းကြားသိရသည်။)
#Maw Luu´s Images,
Red Heart Images.
0 comments:
Post a Comment