Pages

Sunday, 3 September 2017

မော်လူး အုပ်ချုပ်ရေးမှူးရုံး၌ ၂၄နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီမှ ၂၀၁၇ခုနှစ် ငွေစာရင်းရှင်းလင်းပွဲ ပြုလုပ်...

2-9-2017ရက်နေ့
မော်လူး။

မော်လူး အုပ်ချုပ်ရေးမှူးရုံး၌ ၂၄နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီမှ ၂၀၁၇ခုနှစ် ငွေစာရင်းရှင်းလင်းပွဲ ပြုလုပ်...

အခမ်းအနားကို ညနေ၃း၀၀အချိန်ဖိတ်ကြားထားသော်လည်း ၄း၀၀နာရီအချိန်မှ စတင်နိုင်သည်။

မော်လူးအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ရပ်မိ/ဖများ၊ ၂၄နာရီ မီးလိုင်းထိန်းသိမ်းရေးကော်မတီဝင်များ ၊မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ စုစုပေါင်းအင်အား( ၄၀ကျော်) ရောက်တက်ရောက်ကြသည်။

၂၄နာရီ မီးလိုင်းထိန်သိမ်းရေးကော်မတီဥက္ကဌ ဦးတင်ရွှေ မှ အမှာစကားပြောရာတွင်.........

(၂၉ .၇ .၂၀၁၇ ရက်နေ့ကစာရင်းရှင်းပြီး၊တစ်လကျော်ပဲရှိသေးသော်လည်း မတက်ရောက်သူများရှိသဖြင့် သိရှိစေရန်အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊
ကော်မတီတွင် လက်ရှိစာရင်းလက်ကျန်မှာ သိန်း၉ရာကျော် ဖြစ်ကြောင်း၊ယခုတစ်လကျော်အတွင်း မီတာ၉လုံးအတွက်
ဝင်ငွေ ၇၆၅၀၀ကျပ်ဖြစ်ပြီး ၊ကုန်ကျငွေမှာ ၁သိန်းကျော်ဖြစ်ကြောင်း၊မီးလိုင်းထိန်သိမ်းရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်မှူး တို့အတွက် မြို့နယ်မှ စာထွက်ထားသဖြင့်၎င်း၊တုံးလုံ၊ဖားပန့်၊
ဥသျှစ်ကုန်း၊ နမီးရိုး မီးလင်းရေးဆောင်ရွက်နေသော ကျေးရွာမီးလင်းရေးကော်မတီများသို့ အခြေအနေအရပ်ရပ်အား
ပွင့်လင်းမြင်သာစွာ ရှင်းပြပေးခြင်းဖြစ်ကြောင်း၊နေပြည်တော် အချက်၁၂ချက်ပါလမ်းညွှန်ချက်အား ကျေးလက်မီးလင်းရေးကော်မတီမှ လိုက်နာဆောင်ရွက်စေဟုလမ်းညွှန်ထားကြောင်း၊မွန်ပြည်နယ်ပြည်သူ့လွှတ်တော်အမတ် မိချမ်းမွန်မှ ကျေးလက်မီးလင်းရေးကော်မတီအားဖျက်သိမ်းသင့်ကြောင်းအဆိုအား
လျှပ်စစ်ဝန်ကြီးဌာနဒုဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ရှင်းပြရာတွင်
တစ်နိုင်ငံလုံးရှိ ကျေးလက် မီးလင်းရေး ကော်မတီ ၈ထောင်ကျော်အားဖျက်သိမ်းပါက မီးလင်းရေး လုပ်ငန်းများနှောင့်နှေးစေမည်ဖြစ်၍ မှတ်တမ်းအဖြစ်ထားရှိကြောင်း၊အင်းတော် မြို့နယ် မှ ကျေးရွာမီးလင်းရေးကော်မတီအားသက်တမ်း၃နှစ်
လျှင်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းရန် ညွှန်ကြားကြောင်း၊သို့သော်လက်ရှိကောမတီအပြင် နာယက ၅ဦးထားရှိ၍ တိုးချဲ့ ဖွဲ့စည်းခြင်းကိုသာ လက်ရှိလူများမှ
အကြံပြုကြောင်း .....စသဖြင့် ပြောကြားသည်။)

အကြံပြုဆွေးနွေးရန်ဖိတ်ခေါ်ရာ ဦးဇော်လွင်မှ (မီးလင်းရေးကော်မတီဖွဲ့စည်းခဲ့သည်မှာ နှစ်၂၀ကျော်ပြီဖြစ်ကြောင်း၊လက်ရှိမီတာတစ်လုံးပေါက်ဈေး ၁၇၅၀၀၀ ကျပ်ဖြစ်နေ၍ အစိုးရချပေးသော ၉၀၀၀၀ကျပ်ဈေးနှင့်လုပ်ပေးစေလိုကြောင်း၊မီတိုင်နှင့်ပေ ၂၀၀ကျော် ၃၀၀ ဝေးသောအိမ်များ မီးယူပါက ကော်မတီမှ ကြိုးဖိုးသက်သာအောင် ကူညီစေလိုကြောင်း၊မီးလိုင်းထိန်းသိမ်းရေးကော်မတီအနေနှင့် လျှပ်စစ် ဝန်ကြီးဌာနနှင့် မည်သို့ ဆက်စပ်ဆောင်ရွက်နေသည်ကိုသိလိုကြောင်း မေးမြန်းတင်ပြသည်။)

အုန်းဒုတ်ကျေးရွာ ဦးထွန်းအောင်မှ (သံလင်းဆင်း လမ်းလယ်ကြောမှ
ဓာတ်တိုင်ရွှေ့ပေးစေလိုကြောင်းတင်ပြသည်။)

မေးမြန်းတင်ပြချက်များအား မီးလိုင်းထိန်းရေးကော်မတီ ဥက္ကဌ ဦးတင်ရွှေမှ ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

မီးလိုင်းထိန်းသိမ်းရေးကော်မတီမှ မော်လူး ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် ကော်မတီလက်ကျန်ငွေသိန်း၉ရာကျော်မှ သိန်း၁၃၀၀န်းကျင်ခန့်ကုန်ကျမှုအား လှူဒါန်းပေးသွားမည်ဟု အစည်းအဝေးဆုံးဖြတ်ချက်အရသိရပါသည်။

အစည်းအဝေးအား ညနေ၅နာရီတွင်ပြီးစီး၍ တက်ရောက်လာသူမျာအား ထမင်းကျွေးဧည့်ခံကြောင်း မော်လူးပုံရိပ်မှ သတင်းရရှိသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment