Pages

Saturday, 16 September 2017

ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊ မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအား ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်းတွင်ပြုလုပ်သည်။

16.9.2017ရက်နေ့
ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊
မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း။

ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊
မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအား ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်းတွင်ပြုလုပ်သည်။

အခမ်းအနားအား အစီအစဉ်၁၂ခုဖြင့်ကျင်းပပြုလုပ်သည်။
အစီအစဉ်၁။ သဘာပတိများနေရာယူခြင်း၊
အစီအစဉ်၂။အခမ်းအနားကိုမြန်မာ့ကျောင်းသီချင်းဖြင့်ဖွင့်လှစ်ခြင်း။
အစီအစဉ်၃။သဘာပတိမှ အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ်၎။မော်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်စား အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ကျော်စိုးမှ လမ်းညွှန် အမှာစကားပြောကြားခြင်း။
အစီအစဉ်၅။အ.မ.က ဘူတာစု၊ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီခင်မှ အမှာစကားပြောကြားခြင်း။
အစီအစဉ်၆။၂၀၁၇/၁၈ ပညာသင်နှစ် မိဘဆရာအသင်းအားအသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် သဘာပတိ မှ အတည်ပြုပေးခြင်း။
အစီအစဉ်၇။အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း။
အစီအစဉ်၈။သမီးငယ်လေး မယွန်းနန္ဒာမှ အကအလှဖြင့် ကပြဖျော်ဖြေခြင်း။
အစီအစဉ်၉။၂၀၁၆/၁၇ ပညာသင်နှစ် ဆုရရှိသူများအားချီးမြှင့်ခြင်း။
အစီအစဉ်၁၀။သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း။
အစီအစဉ်၁၁။သဘာပတိကြီးများပြန်လည်ထွက်ခွာခြင်း။
အစီအစဉ်၁၂။အခမ်းအနားပြီးဆုံးကြောင်းကြောငြာခြင်း။
တို့ဖြစ်သည်။

ထို့နောက်တက်ရောက်လာသောကျောင်းသား/သူများနှင့်ဧည့်သည်တော်များအား ထမင်းကျွေး၍ဧည့်ခံကြောင်းသိရသည်။

မော်ဟန် ၊ဘူတာစု ၊အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/မ ၆ဦး၊အဌားဆရာ/မ ၅ဦး ပေါင်း၁၁ဦးရှိပြီး ၊ ကျောင်းသား/သူ ၁၂၈ယောက်တက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်းသိရသည်။

မော်ဟန်၊ဘူတာစု ၊အ.မ.က ကျောင်း၏ ၂၀၁၆/၁၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအားနံနက်၉း၀၀နာရီအချိန်စတင်ပြီး နေ့လည် ၁၁း၀၀နာရီအချိန်ပြီးဆုံးကြောင်းနှင့် တက်ရောက်လူဦးရေမှာစုစုပေါင်း၇၀ကျော်ခန့်ရှိကြောင်း သိရပါသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment