Pages

Monday, 11 September 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်များ လာရောက်သည့် (၁၀.၉.၂၀၁၇)ရက်နေ့၌ အင်းတ်ာမြို့နယ်၊မံဟဲကျေးရွာအုပ်စု၊ပေကုန်းကျေးရွာတွင် ခိုက်ရန်ဖြစ်ပွား၍ အပြင်းအထန် နာကြင်စေမှုဖြစ်......

ပေကုန်းကျေးရွာ ၊ သိမ်ကျောင်းအလှူခံအဆောက်အဦးရှေ့တွင် ပေကုန်းကျေးရွာနေ အသက်(၅၀)ကျော် ဦးရန်ရှင်း မှ အသက်(၆၇)ဦးတင်ငွေအား ကျောက်ခဲဖြင့်ထုရိုက်မှုဖြစ်ပွားသည်။အဆိုပါအလှူခံမဏ္ဍပ်မှာ ဦးတင်ငွေ ဘာသာရေး၊သာသနာရေးအတွက် ကူညီဆောင်ရွက်နေကျနေရာ၊ရောက်နေကျနေရာဖြစ်ပြီး ဦးရန်ရှင်းဆိုသူမှ လာရောက်ရန်စ စိန်ခေါ်၍ ဖြစ်ကြခြင်းဖြစ်သည်ဟုသိရသည်။ထို့အပြင် အဆိုပါနေ့တွင်ပင် ပြသနာဖြစ်ပွားသည့် ပေကုန်းဘုန်းတော်ကြီးကျောင်းသို့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် နေ့လည်းဖြစ်သည်။

လတ်တလောတွင်
ဦးတင်ငွေမှာ မော်လူးဆေးရုံ၌ တက်ရောက်ကုသနေရပြီး ကျူးလွန်သူအား မော်လူးရဲစခန်း၌ အမှုဖွင့်ထားကြောင်းသိရသည်။

ထုရိုက်သူမှလည်း မော်လူးရဲစခန်းသို့ ကိုယ်တိုင်ဆိုင်ကယ်စီးလာရောက်ကာ
ဆေးရုံတက်သူအား အပြန်အလှန် အမှုဖွင့်ထားကြောင်းသိရသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment