Pages

Saturday, 16 September 2017

ကသာမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ရခိုင်ပြည်နယ် အကူအညီလိုအပ်နေသောပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး အလှူခံအဖွဲ့ မော်လူးဒေသသို့ အလှူခံလာရောက်........

ကသာမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ ရခိုင်ပြည်နယ် အကူအညီလိုအပ်နေသောပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး အလှူခံအဖွဲ့ မော်လူးဒေသသို့ အလှူခံလာရောက်........

15.9.2017ရက်နေ့ မော်လူးဒေသသို့ ကသာမြို့ပေါ်မှ ပရဟိတအသင်း၁၁သင်းနှင့်မိုးတားမှ ၁သင်းစုစုပေါင်း အသင်း၁၂သင်းစုပေါင်း၍ ကား၈စီးဖြင့် အလှူခံလာရောက်ကြသည်။

ပရဟိတစုပေါင်းအဖွဲ့မှာ မော်လူးသို့ နေ့လည် ၁း၀၀နာရီ ရောက်ရှိပြီး မော်လူးဒေသမှ ကျေးရွာများဖြစ်သော သက်ရင်းတာ၊ပဲခူး၊ရွာရှည်၊မလူး၊မံဟဲဘက်မှတစ်ဆင့် ဟဲနု၊မော်လူး၊အုန်းဒုတ်မင်းသာရွာများသို့ လှည့်လည်ကာ အလှူခံခရီးထွက်ကြသည်။

အဆိုပါ ကသာ ပရဟိတ ပူးပေါင်းအဖွဲ့အားမော်လူးနှင့်သူရောင်းမှ ပရဟိတ စိတ်ရှိလူများ လိုက်ပါကူညီ ကြသည်။

စုပေါင်းပရဟိတအဖွဲ့တွင် အသင်းသူ/သား ၇၀ကျော် ကား၈စီးနှင့်၆ဘီးကားပေါ်တွင် ကသာမြို့ပေါ်တီးဝိုင်းအဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြကြောင်းသိရသည်။

ည၈း၃၀အချိန် မင်သာဘုန်းတော်ကြီးကျောင်း၌ အလှူခံရရှိသော ငွေနှင့်ဆန်များအားရေတွက်၍သိရသည်မှာ ဆန်၆တင်းနှင့်ငွေ ၈သိန်း၊၂သောင်း၊နစ်ရာ့ငါးဆယ်ကျပ်တိတိဖြစ်ကြောင်းသိရသည်။

စုပေါင်းပရဟိတအဖွဲ့ အား မင်းသာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်မှ လက်ဖက်ရည်နှင့်မုန့်များ အာဟာရပြုပေးပါသည်။

ပဲခူးကျေင်းဆရာတော်မှ ၁သိန်း၊ရွာရှည်ကျောင်းဆရာတော်မှ ၁သောင်းအသီးသီးထည့်ဝင်လှူပေးပါသည်။

ထို့နောက် ကသာမြို့ ပရဟိတ စုပေါင်းအဖွဲ့မှ ည၉း၀၀နာရီအချိန် မော်လူးမှ ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိပါသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment