Pages

Sunday, 17 January 2016

ပုထုဇဉ်

ကျေးလက်​ရနံ့
#MawLuu´sImages
တရားသ​ဘော
စော​ကြောကြည့်​ရင်
ဖြစ်​လိုက်​ပျက်​လိုက်
ဘယ်​အရာက​ရော
တည်​မြဲမှုရှိလို့လဲ။

နေထွက်​လာရင်
လူသား​တွေ
လောဘ၊​ဒေါသ၊​မောဟ
ဖွားဖက်​​တော်​သမျှ
ကြီးပြင်းကြ။

နေ၀င်​​တော့လည်း
လောဘ၊​ဒေါသ၊​မောဟ
ဖက်​ခြုံပြီး
မနက်​ဖြန်​အတွက်
အား​မွေးကြတယ်​။

             ဆူးအိမ်​လှိုင်း

0 comments:

Post a Comment