Thursday, 7 January 2016
Home »
» "နှိုးဆော်သံ"
"နှိုးဆော်သံ"
13:43
No comments
နှိုးဆော်သံ........
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးဒေသ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး ဆွေးနွေး။
စတုတ္ထအကြိမ်မြောက်စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မော်လူးဒေသမှ အခြားသောအဖွဲ့များနှင့် စိတ်ပါဝင်စားသူများအား ဖိတ်ကြားပြီး(၇.၁.၂၀၁၆)ရက်နေ့၊ရတနာလမ်းနေ ဦးမြင့်သိန်း၏နေအိမ်၌ ဆွေးနွေးတိုင်ပင်ကြပါသည်။
(၂၀၁၂)ခုနှစ်မှအစပြုကာ ကျင်းပလာသော မော်လူးဒေသစာပေဟောပြောပွဲမှာ ယခုနှစ်နဲ့ဆို(၄)ကြိမ်မြောက်သို့ရောက်လေပြီ။အစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းဖို့ ကျနော်တို့အားလုံး ပါဝင်ဆောင်ရွက်ကြရပေမည်။
ယခုနှစ် လာရောက်ဟောပြောမည့် ဆရာများမှာ ဟာသလူရွှင်တော်စာရေးဆရာ ဆရာမေတ္တာ၊ဆရာရန်ငြိမ်းသူ၊ဆရာဇော်ခိုင်ဦးတို့ဖြစ်ကြပြီး ဟောပြောမည့်နေရက်မှာ (၁၃.၁.၂၀၁၆)ရက်နေ့ဖြစ်သည်။ဟောပြောမည့်နေရာအား ထပ်မံကြော်ငြာပေးသွားပါမည်။
စာပေဟောပြောပွဲအောင်မြင်စွာကျင်းပနိုင်ရေး အခြားသောလူမှုရေးအသင်းအဖွဲ့များနှင့် မော်လူးဒေသအတွင်းရှိ စိတ်ပါဝင်စားသူမည်သူမဆို ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်စာကမ်း၍လည်း ဖိတ်ခေါ်ထားပြီးဖြစ်သည်။
မော်လူးဒေသရဲ့စာပေဟောပြောပွဲနှစ်စဉ် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေးအတွက် မော်လူးဒေသသားတို့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ပေသည်။
(၈.၁.၂၀၁၆)ရက်နေ့ မှစတင်ကာ စာပေဟောပြောပွဲ
ဖြစ်မြောက်ရေးကော်မတီမှ စိတ်ပါဝင်စားသော စာပေဝါသနာရှင်များနှင့်အတူ မော်လူးဒေသအတွင်းရှိအခြားသော အုပ်စုများနှင့်မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်အလှူခံထွက်ကြမည်ဖြစ်သည်။
မိမိတို့ဒေသမှာကျင်းပမဲ့ စတုတ္ထအကြိမ်မြောက်စာပေဟောပြောပွဲအောင်မြင်စွာကျင်းပနိုင်ရန် မော်လူးဒေသားများမှ ဝိုင်းဝန်းကူညီပါဝင်ကြဖို့ နှိုးဆော်လိုက်ပါရစေခင်ဗျာ။
📢📢📢📢📢📢📢📢📢📢📢📢📢📢📢
0 comments:
Post a Comment