Thursday, 7 January 2016
Home »
» ကူညီပေးကြဖို့ မော်လူးပုံရိပ်မှ တောင်းခံခြင်း
ကူညီပေးကြဖို့ မော်လူးပုံရိပ်မှ တောင်းခံခြင်း
14:18
No comments
လွန်ခဲ့သော၁နှစ်ခန့် (၂၀၁၄၊ဒီဇင်ဘာလ၊၁၄ရက်နေ့) က ပျောက်ဆုံးသွားခဲ့သော မော်လူးဒေသ၊စီပိန်းရွာမှ ဓာတ်ပုံရှင်ကလေးအား တွေ့မြင်မိပါက သတင်းပေးနိုင်ရန် အကူအညီတောင်းခံခြင်း။
အဆိုပါကလေးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးဒေသ၊စီးမော်ကျေးရွာအုပ်စု၊စီပိန်းကျေးရွာနေ ဦးဇော်လင်း+ဒေါ်နှင်းဦး တို့၏ သားသမီး(၆)ဦးထဲမှ တတိယမြောက်သားဖြစ်သည်။
သူငယ်တန်းကျောင်းသား မောင်သီဟထွန်း၊(ငယ်နာမည်)မောင်ကျန် ဖြစ်ပြီး ပျောက်ဆုံးချိန်တွင် အသက်(၇နှစ်၊၃လ) ရှိပြီဖြစ်သည်။
ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း မောင်သီဟထွန်း၊ညီဖြစ်သူ မောင်ချစ်ဖြိုးဝေ၊အသက် (၄နှစ်၂လ)နှင့်အတူ ဖခင်ဖြစ်သူ၏ တောထဲရှိအခင်းသို့ လိုက်ပါသွားကြခြင်းဖြစ်သည်။
အခင်းမှာ စီပိန်းရွာအရှေ့ဖက် (၆)မိုင်ခန့်ဝေးပြီး စီပိန်းရွာအရှေ့ဖက်"ထိုးချတောင်ခြေ" နားတွင်ရှိသည်ဟု သိရပါသည်။
ဖခင်ဖြစ်သူမှာ ကလေးနှစ်ယောက်အား လယ်တဲတွင်ထားခဲ့ပြီး တောထဲသို့ တစ်ယောက်တည်း သစ်၊ဝါး သွားရှာနေစဉ် (၂၀၁၄ခုနှစ်၊ဒီဇင်ဘာလ၁၄ရက်)နေ့လည် (၁၂)နာရီနှင့်(၁)နာရီကြားအချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ကလေးပျောက်မှန်းသိလျှင်သိချင်း ရွာသားများနှင့်အပူတပြင်းလိုက်ရှာကြရာနောက်တစ်နေ့(၁၂)နာရီကျော် အချိန်
အခင်းတဲမှ (၁၀)မိုင်အကွာ ကသာမြို့အလွန်တွင် ညီဖြစ်သူ မောင်ချစ်ဖြိုးဝေအား ပြန်လည်ရရှိသည်။
ကသာမြို့အလွန်၊မံလွှဲချောင်းဖျား၊မုရင်းခင်း၌ မုဆိုးလင်မယားမှ အငယ်ကောင်ကိုတွေ့၍ ခေါ်ယူစာင့်ရှောက်ထားသဖြင့် ပြန်ရခြင်းဖြစ်သည်။ ကလေးမှာ ငယ်လွန်းပြီး လမ်းခရီးဆက်မလိုက်နိုင်တော့သဖြင့်
ချန်ထားခဲ့သည်ကိုပဲ ကံကောင်းလှသည်ဟု ပြောရမည်ပင်။
ကျောက်ဆုံးသွားသော မောင်သီဟထွန်းမှာ သူငယ်တန်းစာမေးပွဲဖြေဆိုခါနီးဖြစ်ပြီး ယခု(၂၀၁၅ခုနှစ်၊ဒီဇင်ဘာ၂၈ရက်)နေ့တွင် (၉နှစ်၃လ)ပြည့်မည်ဖြစ်သည်။
မော်လူးရဲစခန်းအား လူပျောက်တိုင်၍ စစ်တပ်၊ရဲနှင့်ရွာသားများ စုပေါင်းရှာဖွေပါသော်လည်း မောင်သီဟထွန်း၏သတင်းအား ယနေ့တိုင် မကြားသိရပေ။
ုပြန်တွေ့သော (၄နှစ်၂လ)သားအရွယ် မောင်ချစ်ဖြိုးဝေမှာလည်း စကားကောင်းစွာမပြောတတ်သေး၍ မေးလိုက်တိုင်း"ဦးကြီးခေါ်သွားတယ်။တစ်ခြားက"ဟုသာပြောနိုင်လေသည်။ထို့နောက် တောင်ပေါ်လက်ညှိုးညွှန်ပြ၍ ထိုတောင်ပေါ်တွင်ရှိကြောင်းသာပြောလေသည်။
စီပိန်းရွာမှာ နွားကုန်သည်၊သစ်ကုန်သည်တို့ တောလမ်းခရီးမှတဆင့် အမြဲအသွားအလာ မပြတ်သည့်ရွာ ဖြစ်သည်။
ရှာဖွေကြသူများမှ ကသာမြို့အထက်ဖက် နောင်ပိန်း၊မိုးဒါး နယ်သို့တိုင် သတင်းဖြန့်ပြီး တစ်ပတ်ကျော်သည်အထိ ဝိုင်းရှာကြသော်လည်း ကလေးကုန်ကူးသမားမှာ နယ်မြေကွမ်းကျင်သည်ဟု ယူဆရပြီး ယနေ့တိုင်ကလေးအား မတွေ့ရှိသေးပါ။
ပျောက်ဆုံးသွားသောကလေးမှာ
ငယ်စဉ်က ဘယ်ဖက်ဒူးခေါင်း ဒညင်းငုတ်ထိုးမိထားပြီ့း ခွဲထုတ်ရသောကြောင့် အမာရွတ်ကျန်ရှိနေသည်ဟုသိရပါသည်။မျက်နှာဝိုင်း၊ပါးချောင်ကား၍မျက်နှာပေးကောင်းကာ၊ဖော်ရွှေသည့်ပုံစံရှိသည်ဟုကြားသိရပါသည်။
ကသာအထက်ဖက် ဗန်းမော်နယ်နှင့်နီးသော တရုတ်ပြည် ယူနန်နယ် တွင် ကလေးမှောင်ခိုအဖွဲ့မှ ကလေးများအား ငွေကြေးတောင်းရမ်းခိုင်းသည့်ဂိုဏ်းရှိကြောင်းလည်း ကြားသိရပါသည်။
ကလေးပျောက်ဆုံးရာနေရာမှ နောင်တောင်း၊ဗန်းမော်၊ရွှေလီခရိုင်နှင့်နီးသည်ဟုသိရပါသည်။
ငယ်နာမည်မောင်ကျန်ဟုခေါ်က ကောင်းကောင်းမှတ်မိပြီး မြန်မာစကားကိုကောင်းစွာနားလည်ပါသည်။
ထိုကလေး(၁)နှစ်သားအရွယ်က ရိုက်ထားသောပုံနှင့်တကွတင်၍ တွေ့ရှိကကူညီိနိုင်ကြစေရန် မော်လူးပုံရိပ်မှ အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment