Pages

Sunday, 31 January 2016

မော်​လူး​ဒေသ ပတ်​ဝန်းကျင်​သန့်​​ရှင်း​ရေးပူး​ပေါင်း​ဆောင်​ရွက်

(၃၀-၁-၂၀၁၆)ရက်​​နေ့ ​မော်​လူး​ဒေသ၊စီး​မော်​အုပ်​စု၊မန်​ကျည်းကုန်း​ကျေးရွာ ရထား​ရေ​ပေါက်​တံတား​အောက်​မှ အမှိုက်​များ၊ခြုံနွယ်​များ ရှင်းလင်း​​၍ လူကူးတံတား​လေးအား ​ဆောက်​လုပ်​ရန်​ စု​ပေါင်း​လုပ်​အား​ပေး​ခြင်း​ဆောင်​ရွက်​။ ​မော်​လူးမြို့အဝင်​ စည်း​မော်​သံကူကွန်​ကရစ်​တံတားမှာ ​ဆောက်​လုပ်​ဆဲဖြစ်​ပြီး ကား၊ဆိုင်​ကယ်​တို့ တံတား​ဟောင်းလမ်းကျဉ်းမှ ​မောင်းနှင်​ရ၍ ​ကျောင်းသွားက​လေးများအတွက်​ အန္တရာယ်​များလှသည်​။ထို့အတူ မန်​ကျည်းကုန်း​ကျေးရွာမှ​မော်​လူးသို့ ရထား​ရေ​ပေါက်​တံတား​ပေါ်မှဖြတ်​လျှင်​လည်း က​လေးများအဖို့ အန္တရာယ်​ မကင်း၍ ​ချောင်းကူးတံတား​လေးအား တည်​​ဆောက်​ရန်​ ယ​နေ့လူထုအင်​အားဖြင့်စု​ပေါင်းလုပ်​​ဆောင်​ကြခြင်းဖြစ်​သည်​။ မန်​ကျည်းကုန်း​ကျေးရွာမှ အရံမီးသတ်​တပ်​ဖွဲ့ဝင်​​များ၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အဖွဲ့ဝင်​များ ဦး​ဆောင်​၍ ​မော်​လူးမြို့မှ အရံမီးသတ်​အဖွဲ့ဝင်​များ၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အဖွဲ့ဝင်​များနှင့်​ပြည်​သူများစု​ပေါင်း၍ မန်​ကျည်းကုန်း ရထား​ရေ​ပေါက်​တံတား​အောက်​မှ အနှစ်​နှစ်​အလလ က စွန့်​ပစ်​ထား​သော အမှိုက်​များ ခြုံနွယ်​များ ကို ရှင်းလင်း​ဆောင်​ရွက်​ကြသည်။ စုစု​ပေါင်း အင်​အား(၈၀)ခန့်​ဖြင့်​ ဒေသ ရပ်​ရွာသန့်​ရှင်းသာယာ​ရေးနှင့်​​ ကျောင်းသား​လေးများ အန္တရာယ်​ကင်းစွာသွားလာနိုင်​​ရေး လုပ်​အား​ပေး ​ဆောင်​ရွက်​ကြစဉ်​မြင်​ကွင်းပုံရိပ်​များ။

0 comments:

Post a Comment