Pages

Thursday, 7 January 2016

RFA နဲ့ ဦးဝင်းထိန်​ အင်​တာဗျူး

RFA နှင့် NLD ဦးဝင်းထိန်အင်တာဗျူး ***************************** ဦးဝင်းထိန်ဖြေဆိုသွားတာတွေသဘောကျတယ်။ နောက်ဆုံးဖြေသွားတာလေးသဘောအကျဆုံး။ ---------------------------------------------------- RFA : : NLD ရဲ့ သမ္မတ၊ အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူတွေနဲ့ ဖွဲ့စည်း ပါမယ် ဆိုတာ မကြေငြာနိုင်တဲ့ အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေထုတ်နေကြတာ တွေ့ရပါတယ် ခင်ဗျား ။ ပြီးတော့ အားမလို အားမရလည်း ဖြစ်နေကြပါတယ်ခင်ဗျ ။ တကယ်ပဲ အန်ကယ်တို့ဖက် အချိန်စောနေသေးတယ် ဆိုပြီး မထုတ်နိုင်တာလား အခက်အခဲတွေကြောင့် အဆင်သင့် မ ဖြစ်တာလား သိပါရစေလား ခင်ဗျား NLD: : အဲဒီမေးခွန်းတွေ ထုတ်တဲ့သူတွေရော ခင်ဗျားတို့ သတင်းဋ္ဌာနတွေရော သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အစိုးရ ဖွဲ့ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ် ၂၈ နှစ် လောက် ဘဝတွေနဲ့ ရင်းပြီး ရလာတဲ့ ရလာဒ် အဲဒီရလာဒ် ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ၅ မိနစ် ဆယ်မိနစ် လောက်နဲ့ အပြောလေးနဲ့ ကျွန်တ်ာတို့ကိစ္စတွေ ရှုပ်ရှက်ခတ်တာတွေ အဖြစ်မခံနိုင်ဘူး မလိုအပ်ပဲနဲ့ သတင်းဆောင်းပါးရေးတာတွေ သုံးသပ်တာတွေ ဝေဖန်တာတွေ ကျွန်တော်တို့ မလိုလားဘူး ။ တရားဝင် ကြေညာတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြ ဒါပဲ ။ RFA : : ဘယ်တော့လောက်များ အန်ကယ်တို့ ကြေညာဖြစ်မယ် ဆိုတာကိုများ အကြမ်းမျဉ်းပြောလို့မရဘူးလား ခင်ဗျာ ။ NLD: : အဲဒီမေးခွန်းက လွန်သွားပြီ ။ခုနကတည်းက အပြတ်ပြောလိုက်ပြီလေ ။ ပြောချင်လဲ ပြောသင့်တဲ့အချိန် ပြောမှာပေါ့ ။ မပြောသင့်ရင်မပြောဘူးလေ ။ကျွန်တော်တို့ ပြောရင်လည်း ခင်များတို့က ပြောကြဦးမှာ ဝေဖန်ကြဦးမှာပဲ ။ပြောကြလေ၊ အပြောခံရမှာလည်း မကြောက်ဘူး ။ RFA: : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် မနေ့ကပဲ အလေးထားပြီး ထပ်ပြောထားတာ တွေ့ရပါတယ် NLD အစိုးရအဖွဲ့ဝင်တွေထဲမှာ ပါတီဝင်တွေ က ဝန်ကြီးဖြစ်ချင်လို့ ဝန်ကြီးနေရာ ပေးပါ ဆိုပြီးတောင်းတဲ့ ပါတီဝင်တွေ ရှိနေတယ် ဆိုတာလေး ရော ခင်ဗျာ ။ NLD: : အဲဒီလိုတောင်းနေကြတာက ပါတီဝင်တွေ ရော အပြင်ကလူတွေရော တောင်းဆိုကြတဲ့ စာတွေ ဒီမှာတစ်ပုံကြီးရှိတယ် ၊၊ ဒီမိုကရေစီအရေးတုန်းက လက်ကလေးတောင် မမြှောက်ခဲ့တဲ့ သူတွေက အခု မှ ဟိုဟာ ဖြစ်ချင်ကြတယ် ဆိုတော့ ရီရခက် ငိုရခက် ပေါ့ ဗျာ ။ ဘယ်လောက်စိတ်ရှုပ် ရှက် စရာကောင်းသလဲ ။ RFA : နောက်တစ်ခုက အခုဆိုလျှင် NLD ပါတီဝင်တွေ တော်တော်များများ မပြောရဲ မဆိုရဲ နဲ့ ကြောက်နေကြတယ်ခင်ဗျား ။ ဟိုပါတီ ထိပ်ပိုင်း မှာ ၂ ယောက် ၃ ယောက်ပဲ ပြောရ ဆိုရမယ်လို့ သိရပါတယ် NLD : : မပြောရဲ မဆိုဖြစ်နေတာ မဟုတ်ဘူး ။ ပြောချင်ကြတာ ။ ကျွန်တော်တို့က မပြောရဘူးလို့ တားထားတာ ။ ၁၉၉၀ ရွေးကောက် ပွဲ မှာ ဦးကြည်မောင်ရဲ့ စကားတစ်ခွန်းကြောင့် ဗိုလ်ချုပ်ခင်ညွှန့်က လူ ၂၀၀ လောက် ဖမ်းပြီး ထောင်ချ ပစ်တာလေ ။ RFA : : လောလော ဆယ် အစိုးရ နဲ့ ဆက်သွယ်တဲ့ အပိုင်းမှာ ဘာတွေ အခက်အခဲ ဖြစ်နေ NLD : : ဘာအခက်အခဲ မှ မရှိဘူး ။ RFA: : အန်ကယ် ဦးဝင်းထိန် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ ။ NLD: : ကျေးဇူးတင်မနေနဲ့ ။ ခင်ဗျားတို့ သတင်းဋ္ဌာနတွေ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ ။

0 comments:

Post a Comment