အစိုးရသစ်၏ရက်100စီမံချက်တွင်.
မန္တလေး_ မြစ်ကြီးနားမီးရထားလမ်းပိုင်း. ပါဝင်စေလို
=======================
၂၀၁၆မေ ၂၃
မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်သည်
အထက်မြန်မာပြည်၏မရှိမဖြစ်ပို့ဆောင်ရေးလုပ်
ငန်းတစ်ခုဖြစ်ပါသည်။
မြန်မာပြည်အလယ်ပိုင်း
မြန်မာပြည်အောက်ပိုင်းနှင့်မြန်မာပြည်အထက်ပိုင်းဒေသကို
တစ်ဆက်တစ်စပ်တည်းပေါင်းကူးဆက်သွယ်ပေးထားသောအဓိကပင်မ. အသက်သွေးကြောတစ်ခုလည်းဖြစ်ပါသည်။
မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်းသည်
မန္တလေးတိုင်း စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်တို့၏ပေါင်းကူးဆက်သွယ်ရေးလမ်းကြောင်းအဖြစ်လည်းအရေးပါလှပါသည်။
လွန်ခဲ့တဲ့နှစ်
14.7.2015ရက်နေ့ကစ၍ စစ်ကိုင်းတိုင်းအထက်ပိုင်း
မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်းတွင် မိုးများပြီး. ရေကြီးရေလျှံမှုကြောင့်
ဒေသခံပြည်သူတို့ အကြီးအကျယ်ထိခိုက်ခံစားခဲ့ကြရပါတယ်။
အခြေခံလူတန်းစား. သာမန်လက်လုပ်လက်စားများမှာ
မီးရထားကိုမှီခိုအားထားရပါသည်။
မီးရထားလမ်းတစ်လပိတ်လိုက်သည့်
အတောအတွင်း. အခြေခံလူတန်းစားဘဝသမားများစွာတို့
ကသောင်းကနင်း. ဖြစ်ကာ. အချို့မှာဘဝပျက်သည်အထိရှိခဲ့ပါသည်။
14.7.15ရက်နေ့ကစပြီး
တစ်စိမ့်စိမ်နှင့်ဲ့ရွာသွန်းဖြိုးသည့်
ဲ့မိုးကတစ်ရက်ပြီးတစ်ရက်နှင့်
လုံးဝမတိတ်တော့သည့်အပြင် နေ့စဉ်ရက်ဆက်ရွာချနေခြင်းကြောင့်
ကောလင်းမြို့နယ်အတွင်းမှကျေးရွာပေါင်းများစွာ
နှင့်လယ်ယာမြေမျာ်းပါရေနစ်မြုတ်မှုဒဏ်ကိုခံခဲ့ကြပြီး. ရေဘေးသင့်ခဲ့သည့်အဖြစ်ဆိုးနှင့်ပါ
ရင်ဆိုင်ခဲ့ရပါသည်။
ရထားလမ်းကျိုးမိရာမှာ
မတော်တဆဖြစ်ရာတွင်နာမည်ကျော်လှသည့်
နမ်းခမ်းနဲ့ဘုံချောင်းကြားမှာလည်းတောင်ပြို
မြေပြို. လေပြင်းထန်၍
သစ်ပင်တွေလဲခဲ့ရပါသည်။
ချပ်ကြီးအနီးသံလမ်းရေကျော်မှုကြောင့်
မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်းမှာခုတ်မောင်းနေသောလူစီးမီးရထားများသည်
ရောက်သည့်ဘူတာမှာပင်ရပ်နားကာ
ရေကျချိန်ကိုစောင့်နေခဲ့ရပါသည်။
ရေကျချိန်ကိုစောင့်နေဆဲ၌ပင်
21.7.2015ရက်နေ့တွင်
ပေ100အရှည်ရှိတဲ့ဇော်ချောင်းတံတား
အမှတ်(်၂၈၁)ဟာ
ပတ္တလားကြီးလို
အောက်ခံမြေသားများပင်. မကျန်အောင်ရေ
တိုက်စားခြင်းခံခဲ့ရပါတော့သည်။
ထိုတံတားကြီး
သဘာဝဘေးဒဏ်ခံရသည့်အတွက် မန္တလေးမြစ်ကြီးနားမီးရထားများတိုက်ရိုက်ပြေး
ဆွဲမှုများရပ်ဆိုင်းခဲ့ရပြီး
နဘားမြစ်ကြီးနားမီးရထားလမ်းပိုင်းသာလျှင် ခေတ္တရပ်ဆိုင်းခဲ့ရပြီးပုံမှန်ပြေးဆွဲနေခဲ့ပါသည်။
ကန့်ဘလူနှင့်မန္တလေးအထူးရထားဖြင့်
ပြေးဆွဲပေးပါသော်လည်း
မြန်မာ့မီးရထားပို့ဆောင်ရေးမှမီးရထားဖြင့်
မန္တလေးမှမြစ်ကြီးနားသို့တိုက်ရိုက်
တင်ပို့ရသောကုန်စည်များ. ကုန်သည်များ ခရီးသွားများ. မီးရထားနှင့်ဆက်စပ်လုပ်ကိုင်နေရသူ
ဒေသခံပြည်သူများ ၏စာဝတ်နေရေး. ကိုများစွာထိခိုက်စေခဲ့ရပါသည်။
ကောလင်းမြို့နယ်မှရေဘေးသင့်ဒေသများသို့ပင်ထောက်ပံ့ကူညီရေးပစ္စည်းများပို့ဆောင်ရာတွင်ပင်အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်စေခဲ့ရပါသည်။
မန္တလေးမှမြစ်ကြီးနားသို့တိုက်ရိုက်ကူးသန်းရောင်းဝယ်ကြသည့်မီးရထားစီးနင်းခြင်းဖြင့်အားပေးနေသောဖောက်သည်များပင်
ကုန်သယ်ယာဉ်အဝေးပြေးကားများဖြင့်ပြောင်းလဲသယ်ယူကြပါသည်။
မြန်မာ့မီရထားပါဆယ်ဌာနမှမီးရထား
ဝင်ငွေများစွာလျော့ကျစေခဲ့ပါသည်။
မြန်မာ့မီးရထား.လမ်းပိုင်း ၏
လမ်းမတော်တဆဖြစ်မှု
အခြေအနေများသာမဖြစ်ခဲ့ပါက. ပေလမ်းကျဉ်းသောကားလမ်းခရီးက
ိုရွေးချယ်မိမည်မဟုတ်ပါ။
ထိုစဉ်က
မီးရထားလမ်းပိုင်းကျန့်ကြာခဲ့မှုကြောင့်
ထိခိုက်ခဲ့ရသောဂယက်ဖြစ်ပါသည်။
အထက်မြန်မာပြည်မီးရထားလမ်းပိုင်းသည်
ကိုလိုနီအစိုးရလက်ထက်
စတင်ဖောက်လုပ်ခဲ့ချိန်မှ
ှတွက်ချက်လျှင်သက်တမ်းလွန်အိုမင်းလှပြီး. နှစ်ပေါင်း140ကျော့်ရှိနေပြီဖြစ်ပါသည်။
2015_2016ဘဏ္ဍာရေးနှစ်၏တွက်ချက်လျှာထားမှုအရ. ဘုံချောင်း_မဲဇာလမ်းပိုင်းနှင့် ပင်ဝယ်_မော်လူးလမ်းပိုင်းအတွက်ပြင်ဆင်ရန်
်ခွင့်ပြုခဲ့ပြီဟုသိရှိသော်လည်းငွေမရောက်ရှိ
သေးကြောင်း အင်းတော်မြို့နယ် (အနယ)တာဝန်ရှိသူ ထံမှသိရှိရပါသည်။
ပေ100ကျော်အရှည်ရှိသော
ဇော်ချောင်းတံတားကြီးပြန်လည်ပြုပြင်ရာတွင်လည်း. လမ်းပိုင်းအသီးသီးရှိသံလမ်းပြင်လုပ်သားအင်အား
၂၈၀ကျော်. ဒေသခံအချိန်ပိုင်းလုပ်သာူများငှား
ရမ်းကာအချိန်မီပြီးစီအောင်
ဆောင်ရွက်ခဲ့ကြရပါသည်။
သံလမ်းပြင်လုပ်သား. များမှာ. နေ့နေ့ညညမနားမနေ
ကြိုးစားအားထုတ်ကြိုးပမ်းခဲ့ကြသည့်အတွက်
ဒေသခံပြည်သူများ. လူမှုရေးအသင်းအဖွဲ့များကပါ
အစားအသောက်များကျွေးမွေးလှုဒါန်းခြင်းဖြင့်ဝိုင်းဝန်းအားပေးခဲ့ကြပါသည်။
မိုးထဲလေထဲနေ့မနားညမနားလုပ်ဆောက်ရသော
သံလမ်းပြင်လုပ်သားများမှာ. အရေးပေါ်လိုအပ်သော
ပစ္စည်းအသုံးအဆောင်မပါပဲ. ပီနံအိတ်ဖြင့်ဝတ်ကာလုပ်ဆောင်ခဲ့ရသည့်ဖြစ်ရပ်လည်းရှိခဲ့ပါသည်။
အဆိုပါတံတားပျက်စီးမှုကြောင့်. မန္တလေးမြစ်ကြီးနားမီးရထားတိုက်ရိုက်ပြေးဆွဲမှု
တစ်လတိတိ. ရပ်နားထားခဲ့ရပါသည်။
မန္တလေးမြစ်ကြီးနားမီးရထားပြေးဆွဲမှု. အနေအထားလဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ခဲ့ရပါသည်။
မြစ်ကြီးနား. နဘား. အစုန်အဆန်လော်ကယ်ရထားတစ်စင်းသာပြေးဆွဲနိုင်ခဲ့ပြီး. ပင်ဝယ် _မော်လူး. ကြား.
နန့်စီးအောင်_မော်ဟန်ကြား
ပင်းဘော_နန်းခွင်ကြားတွင်လည်း
ယာယီပြတ်တောက်မှုသံလမ်းရေကျော်မှု
ဖြစ်ပွားခဲ့ပါသည်။
နဘာအောက်ပိုင်းတွင်. ဆည်ရွာ _မဲဇာကြား. မဲဇာတံတားရေကျော်မှု.
ဘုံချောင်း_နမ်းခမ်းကြားတောင်ပြိုမှု
ကောလင်း_ဇီးဖြူပင်. သံလမ်းရေကျော်မှုတို့ဖြစ်ပေါ်ခဲ့ပါသည်။
သို့ဖြစ်၍
18.8.2015ရက်နေ့မှ
ကောလင်း_နဘားလမ်းပိုင်းကိုပြန်လည်
ပြေးဆွဲပေးနိုင်ကာ. နဘားမှတစ်ဆင့်. မြစ်ကြီူနားလော်ကယ်ဖြင့်ချိတ်ဆက်. ဆက်သွယ်ခဲ့ရပါသည်။
ဘုံချောင်း နမ်းခမ်းကြားကျောက်တောင်. နံဘေးတွင်ဖောက်လုပ်ထားသော.မီး ရထားလမ်းသည်. အချို့နေရာများတွင်မီးရထားလမ်း
ဖြင့်. တောင်ကမ်းပါယံခြောက်မှာ. 2ပေခန့်အကွာမြေသားရှိပါသည်။
ယနေ့ပင်. ကျောက်တောင်မြေပြိုကျရာမှ ကျောက်တုံးကြီးမီးရထားလမ်းပေါ်ပိတ်ဆို့ပြိုကျ
မှုရှိခဲ့ပါသည်။
ယခုရောက်ရှိနေသော23.5.2016ရက်နေ့သည်
ယခင်နှစ်ကရေဘေးဒဏ်ခံခဲ့ရသည့်ဖြစ်ရပ်. တစ်နှစ်ပြည့်ရန်. 2လခန့်သာလိုပါတော့သည်။
နောက်ထပ်2လအကြာတွင်. မိုးရာသီသို့ရောက်ရှိတော့မည်ဖြစ်သည့်အတွက်
မိုးတွင်းကာလမရောက်မီ. အချိန်မီပြင်ဆင်နိုင်ရန်လိုအပ်ပါကြောင်း
တင်ပြလိုက်ရပါသည်။
ထိုတံတားနှင့် လမ်းပိုင်းအကောင်းဆုံးကြံခိုင်မှုရှိနိုင်ရန်
အစိုးရသစ်၏ရက်100စီမံချက်အတွင်း
ထည့်သွင်းရေးဆွဲသင့်ပါကြောင်း. မြန်မာ့မီးရထားမှတာဝန်ယူလုပ်ဆောင်နေ
ခြင်းဖြင့် ဤလမ်းပိုင်းကောင်းမွန်ချောမွှေ့မှုရှိမှသာ မန္တလေး_မြစ်ကြီးနားရထားများပုံမှန်ပြေးဆွဲနိုင်
မည်ဖြစ်ပါသည်။
သို့မှသာ. မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်ကိုမှီခိုအားထားနေရသော. ဒေသခံပြည်သူများ၏အကျိုးစီးပွား
လူမှုရေး. စားဝတ်နေရေးကို. ဖြည့်ဆည်းစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း. တင်ပြလိုက်ရပါသည်။
ယဉ်ယဉ်သိန်းနဘား
23.5.2016
233း6
Photo
Zayar Shwemyethar
Wednesday, 25 May 2016
Home »
» အစိုးရသစ်၏ရက်100စီမံချက်တွင်.
မန္တလေး_ မြစ်ကြီးနားမီးရထားလမ်းပိုင်း. ပါဝင်စေလို
=======================
အစိုးရသစ်၏ရက်100စီမံချက်တွင်. မန္တလေး_ မြစ်ကြီးနားမီးရထားလမ်းပိုင်း. ပါဝင်စေလို =======================
07:10
No comments
0 comments:
Post a Comment