Pages

Monday, 2 May 2016

တဒင်္ဂအ​မှောင်

မနာလို ဝန်တို မှု့၏သားကောင်(သို့)
ကျွန်တော့်ဘဝ တဒင်္ဂ အမှောင်
--------***----------
(ခေတ္တအချိန်ပေးဖတ်ရှု့ပေးပါရန် လေးစားစွာ
တောင်းပန်ပါတယ်)
ကျွန်တော်ဟာ ၂၀၁၀ ခုနှစ်မှာ ကောလင်းမြို့မှ
အင်းတော်မြို့သို့ပြောင်းရွှေ့ကာ ``အားသစ်´´စက်မှု့လက်မှု့လုပ်ငန်း ကိုတည်ထောင်ခဲ့ပါသည်။
လုပ်ငန်းများအနေနဲ့ကတော့
*စပါးခြွေလှေ့စက် ထုပ်လုပ်မှု့လုပ်ငန်း
*စပါးခွံဓာတ်ငွေ့မီးစက် ထုပ်လုပ်မှု့လုပ်ငန်း
*ဗြုံးစုတ်စက် ထုပ်လုပ်မှု့လုပ်ငန်း
*သံပန်းသံတံခါး နှင် Steel သံပန်း လုပ်ငန်း
*ကားဘော်ဒီ ကားအောက်ပိုင်းလုပ်ငန်း
*တွင်ခုံလုပ်ငန်း
*လေထိုးကျွတ်ဖာလုပ်ငန်း
*ကားရေဆေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါသည်။
ကျွန်တော် ဟာ ယခုအသက်၄၀ကျော်အထိ
မူးယစ်ဆေးဝါးနှင် ပတ်သက်ခဲ့ဘူးခြင်းမရှိပါ။
သက်သေတည်စရာအဖြစ် ကျွန်တော့အသက်
ကျွန်တော့မိသားစုအသက် ကျွန်တော်ညီအကိုမောင်နှမအသက် များနှင်လည်း
သက်သေတည်ရဲပါတယ်။
ကျွန်တော်၏နာမည် ဂုဏ်သိက္ခာ မျိုးရိုးဂုဏ်သိက္ခာ ထိခိုက်စေနိုင်သောအပြုအမူများ
ကျွန်တော့ဘဝမှာ တခုမျှမလုပ်ဖူးပါ။
သို့သော်
ကျွန်တော့်၏ဘဝကံကြမ္မာဆိုးတခု
ရောက်ရှိခဲ့ပါတယ်
၂၅ ၀၃ ၂၀၁၆ ရက်နေ့ညမှာ မူးယစ်ဆေး သတင်းရ၍ရှာဖွေခံခဲ့ရတယ်။
အဲဒီမှာ ကျွန်တော့်ဘဝမှာ ဘယ်လိုမှမမျှော်မှန်ထားတဲ့
wy ခေါ်တဲ့ဆေးပြားအနည်းငယ်ကို ကျွန်တော့်
အလုပ်ရုံမီးဖိုတွင်းမှာတွေ့ရှိခဲ့ပါတယ်။
ကျွန်တော့်ဘဝမှာဘယ်တုန်းကမှမမြင်ဘူးခဲ့တဲ့အဲဒီ
ဆေးပြားတွေဘယ်လိုရောက်ခဲ့တာလဲစဉ်းစားလို့မရပဲ
အံ့သြမှင်သက်နေမိတယ်။
ဒါနဲ့ပဲ ကျွန်တော့်ဥပဇာဖြစ်၍ဖမ်းဆီးခံခဲ့ရယ်
ဒီလိုနဲ့ပဲ ကျန်တော်ဘဝ အရှင်လတ်လတ်ငရဲခန်း
(အချုပ်ခန်း)ထဲရောက်ခဲ့ရပါတယ်။
ကျွန်တော့်ဘဝအတွက်တော့ငရဲခန်းပါပဲ
အချုပ်ခန်းထဲမှာ အနေကြမ်း အစားကြမ်းနဲ့ဒုက္ခ
မျိုးစုံနဲ့အမှန်တရားကိုမျှော်လင်စောင်စားရင်းနေခဲ့ရတယ်
လူ့ဘောင်လူ့လောကမှာမနာလိုဝန်တိုမှု့တွေ
လောဘ ဒေါသ မောဟတွေနဲ့ပြည်နေပါလားလို့
သံဝေဂရမိတယ်
မျက်နှာကိုအားခဲပြုံးနေရပေမဲ့ ရင်ထဲမှာသောကမီး
တွေတောက်လောင်နေပြီး ကိုယ်မကျူးလွန်တဲ့အပြစ်
တခု အတွက်ပေးဆပ်နေရတယ်
မည်သူမည်ဝါက လုပ်ကြံဖန်တီးလဲဆိုတာမသိတော့
ဒီအမှု့ရဲ့အမှန်တရားကို ကျွန်တော်ဘယ်လိုရှာမလဲ
အမှန်တရားအတွက် ဥပဒေရှိတယ်ဆိုတာ ရော
ဟုတ်ရဲ့လား
ဘယ်သူလုပ်ကြံမှန်းမသိ အထောက်အထားရှာမတွေ့ရင် ဥပဒေကအမှန်က
ိုရှာဖွေနိုင်မှာလား ဘယ်သူ့ကိုအားကိုးပြီး ဘယ်သူ့ကို
ယုံကြည်ရမလဲ မသိတော့ပါဘူး
2016 apl 18နေ့မှာ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားရှိပါတယ်
``ဥပဒေဆိုတာ ပြည်သူ့အတွက်ကြောက်စရာ မဟုတ်ဘူး´´တဲ့ကျွန်တော့အတွက်တော့
ကြောက်စရာပါပဲ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ပြောသွားတဲ့စကားကိုကြားရတာတော့ ကျွန်တော်
ခွန်အားတွေမျှော်လင့်ချက်တွေရှိလာပါတယ်။
ဒါပေမဲ့
ကျွန်တော် ဘယ်လိုအဖြေရှာမလဲမသိသေးဘူး
မိမိ၏ဥပဇာအတွင်းမှာတွေ့လို့ လက်ဝယ်ထားရှိမှု့
(၁၆ ဂ)လို့ဥပဒေကဆုံးဖြတ်ရင် ကျွန်တော်အပြစ်ကျရုံ
ပဲရှိတော့တယ်
ဒီလိုတခုထည်းကြည်ပြီးဆုံးဖြတ်ရင
်တကယ်မကျူးလွန်သူတွေအတွက် ဂုဏ်သိက္ခာကျ
နာမည်ပျက် ဘဝပျက် စီးပွားပျက် ဘဝမှာဆုံးရှုံး
နစ်နာမှု့တွေ အများကြီးခံရမှာပေါ့
ကျွန်တော်လိုအဖြစ်မျိုးနဲ့ကြံဖူးသူ အပြစ်ခံရဖူးသူတွေ
ရှိကောင်းရှိပါလိမ်မယ်။
ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ အမှန်တရားကို
ဘယ်လိုရှာဖွေရမယ်ကိုလမ်းညွှန်ပေးစေချင်ပါတယ်ခင်ဗျားး
ကိုနေမျိုး(ခ)နေမျိုးကျော်
အားသစ် စက်မှု့
အင်းတော်မြို့
စစ်ကိုင်းတိုင်း
‪#‎ကျေးဇူးပြု‬၍Share ပေးကြပါခင်ဗျား

0 comments:

Post a Comment