အင်းတော်မြို့နယ်
နဘားကျေးရွာနှင့်ပင်ဝယ်ကျေးရွာကြား
ပင့်တင်ကျေးရွာအနီး
မိုင်တိုင်အမှတ်၁၅၀/၄နှင့်၁၅၀/၅အကြားတွင်
လမ်းဘေးတွင်ရပ်ထားသောဆီကား(၆ဘီးကား)
တစ်စီးအား28.5.2016မနက်. 3း15နာရီအချိန်ခန်က
မြစ်ကြီးနားမှမန္တလေးမြို့သို့ထွက်ခွာမည့်
ကချင်မန္တလာ. ခရီးသည်တင်အန်စာ27.5.2015မ/3119မှ
အရှိန်ဖြင့်ဝင်တိုက်ခဲ့သည်။
သို့ဖြစ်၍
ဒရိုင်ဘာနှင့်
ရှေ့ခန်းတွင်စီးနင်းသူခရီးသည်ပွဲချင်းပြီးသေဆုံးကာ
နောက်ခန်းမှခရီးသည်11ဦးဒဏ်ရာရှိခဲ့သည်။
သေဆုံးသူမှာ
ယာဉ်မောင်းအငယ်လေး(ခ)ဒိုဘီ၂၈နှစ် (ဘ)ဦးဂျူလှိုင်စမ်းချောင်း မှော်ဘီနှင့်
ဦးမြတ်သူ၃၇နှစ်(ဘ)ဦးယုနိုင်ဒွေးချိုရွာနတ်မောက်မြို့နယ်ကဖြစ်သည်။
ဒဏ်ရာရရှိသဖြင့်အင်းတော်ဆေးရုံတွင်ကုသမှုခံယူနေရသောလူနာများမှာ
ဦးထန်စမာ. ကလေးမြို့
ဦးအောင်ငွေ. မြို့သစ် မုံရွာမြို့
ဦးအောင်ဆန်းဦး မြစ်သားမြို့
ဦးဌေးတင့် မြို့သစ် မုံရွာ
ဦးအောင်ကိုဦး မြို့သစ် မုံရွာ
အောင်ကိုကို. တောင်တွင်းကြီး
ဦးစံဖြိုး ကြုံကတုတ်ရွာ ကန်ကြီးထောင့်
ဦးရန်နိုင်အေး ပြင်ဦးလွင်
ဝင်းနိုင်. နတ်မောက်
မျိုးထိုက်ကျော်. ဆန်းကြယ် ဖားကန့်
အောင်ချိုဦး. တို့ဖြစ်ကြသည်။
ကချင်မန္တလာကားမောင်းသူ(သေဆုံး)
အား. ယာဉ်(ပ)၈/၁၆/ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၃၀၄(က)/၃၃၇/၃၃၈ဖြင့်အရေးယူဆောင်ရွက်ပေးပါရန် ပင်ဝယ်ရဲကင်းမှုး ရဲအုပ် မင်းသိန်းထွန်းမှတရားလိုပြုလုပ်ကာ
အင်းတော်မြို့ရဲစခန်းတွင်အမှုဖွင့်လှစ်ထားကြောင်းသိရှိရပါသည်။
ယာဉ်မတော်တဆမှုဖြင့်သေဆုံးသူနှင့် ဒဏ်ရာရသူများအား
အင်းတော်မြို့မှာလူမှုကူညီရေးအသင်းကားများဖြင့်အင်းတော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။
27.5.2016
0 comments:
Post a Comment