Pages

Wednesday, 25 May 2016

ခွင့်ပြုချက်မဲ့ အသံချဲ့စက်ဖွင့်သူတွေကို တရားစွဲဆိုနိုင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ကိုမယူဘဲ အသံချဲ့စက်ဖွင့်သူတွေကို တရားစွဲဆိုနိုင်

 

ခွင့်ပြုချက်မဲ့ အသံချဲ့စက်ဖွင့်သူတွေကို တရားစွဲဆိုနိုင်

ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ကိုမယူဘဲ အသံချဲ့စက်ဖွင့်သူတွေကို တရားစွဲဆိုနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသံချဲ့စက်၊ ဆောင်းဘောက်ဖွင့်လှစ်မှုတွေနဲ့ ပတ်သတ်လို့ (၂၀၁၂)ခုနှစ် ရပ်ကွက်အုပ်ချုပ်ရေးဥပဒေပုဒ်မ(၂၇)အရ အသံချဲ့စက်နဲ့ပတ်သက်ပြီး ရပ်ကွက်ကျေး ရွာများအထိ သက်ရောက်အောင်ဆောင်ရွက်ထားခြင်းရှိ၊ မရှိ လှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး က မေလ(၂၄)ရက်နေ့က တိုင်းလွှတ်တော်မှာ မေးမြန်းလိုက်တာပါ။

သာရေး၊ နာရေးပတ်သက်ပြီး အသံချဲ့စက်ဖွင့်လိုသူတွေအနေနဲ့ သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထံ ဖွင့်မယ့်နေ့မတိုင်ခင် (၃)ရက်ကြိုခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဖွင့်တဲ့သူတွေကို အရေးယူဆောင်ရွက်နိုင်သလို သက်ဆိုင်ရာတရားရုံးတွေ မှာလည်း တရားစွဲဆို တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေကြား လိုက်တာပါ။

ခွင့်ပြုချက်မရဘဲ အသံချဲ့စက်ဖွင့်သူကို ပုဒ်မ(၁၈)ပါတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်သူအဖြစ် (၅၀၀၀)ထက်မပိုတဲ့ ဒဏ်ငွေ ဒါမှမဟုတ် (၇)ရက်ထက်မပိုတဲ့ ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်

0 comments:

Post a Comment