ကောက်ရသော သေနတ်ကို ဆော့ကစားရာ က ကလေးငယ်တစ်ဦး သေနတ်မှန် ဒဏ်ရာရ
***************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့
ရပ်ကွက်(၉)အပိုင်း(၁) မှာ မေလ (၂၀) ရက်နေ့
နေ့လည်(၁)နာရီခန့် အချိန်က မောင်စည်သူမောင် အသက်(၄)နှစ် အရွယ်ရှိ ကလေးငယ်တစ်ဦး
သေနတ်မှန်၍ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကလေးများ ကောက်ရတဲ့ သေနတ်ကို
ဆော့ကစားကြရာမှ စက္ကူပတ် ယမ်းလိပ် ကလေးငယ်ရဲ့ ရင်ဘတ်ကို ထိမှန်ပြီး ကိုယ်ထဲမှာ စူးဝင်နေ ခဲ့တာ လို့ ဆိုပါတယ်။
ကသာဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ်
ရောက်ရှိလာပြီး ပရဟိတ အဖွဲ့အစည်းများရဲ့ အကူ အညီနဲ့ မန္တလေး ဆေးရုံကြီးသို့ ထပ်မံ၍
ဆေးကုသမှု ခံယူနိုင်ရန် သွားရောက်ဖို့ စီစဉ်နေကြတာပါ။
သေနတ်မှာ ၁၄ လက္မခန့် အရွယ်ရှိ လုပ်သေနတ်ဖြစ်ပြီး မောင်းကွင်းမှာ သားရေပင်ဖြင့် ဆွဲထားသော ယမ်းထည့်၍ ပစ်ရသည့်
သေနတ် ဖြစ်ကြောင်း သိရပါတယ်။
Friday, 20 May 2016
Home »
» ကောက်ရသော သေနတ်ကို ဆော့ကစားရာ က ကလေးငယ်တစ်ဦး သေနတ်မှန်ဒဏ်ရာရ.....
ကောက်ရသော သေနတ်ကို ဆော့ကစားရာ က ကလေးငယ်တစ်ဦး သေနတ်မှန်ဒဏ်ရာရ.....
05:01
No comments
0 comments:
Post a Comment