Pages

Thursday, 26 May 2016

မြန်မာ့မီးရထားတိုင်း၂နဘားဘူတာ နယ်မြေအတွင်းရှိMICမြေငှားဆိုင်များကို မူလကခွင့်ပြုထားသည့်အတိုင်းအတာပမာဏထက် ပိုမိုတို့ချဲ့ဆောက်ရွက်ထားခြင်းရှိမရှိ စစ်​​ဆေး.....

မြန်မာ့မီးရထားတိုင်း၂နဘားဘူတာ
နယ်မြေအတွင်းရှိMICမြေငှားဆိုင်များကို
မူလကခွင့်ပြုထားသည့်အတိုင်းအတာပမာဏထက်
ပိုမိုတို့ချဲ့ဆောက်ရွက်ထားခြင်းရှိမရှိ
ကြီးကြပ်ရေးမှုး(ပို့ဆောင်)ဦးစိုးဝင်း. ဒုရုံပိုင်ဦးဘရန်အောင်
ကြီးကြပ်ရေ မှုးဦးစိုးမင်းဝေနှင့်မီးရထားဝန်ထမ်းများ မီးရထားရဲတပ်ဖွဲ့ဝင်များဖြစ်သော
ရဲတပ်သားကျော်မြင့်ဦး.
26.5.2016ရက်နေ့က. တိုင်းတာစစ်ဆေးခဲ့ပါသည်။
ကြီးကြပ်ရေးမှုးဦးစိုးဝင်း၏ပြောဆိုချက်အရ
မြန်မာ့မီးရထားပိုင်မြေပေါ်မှာ
MICမြေငှားဖြင့်ဆောက်လုပ်ထားသောအဆောက်အဦးများမှာ. အကယ်၍အဆောက်အဦးထပ်ချဲ့ထားခြင်းကိုတွေ့ရှိရလျှင်. အခြားသူများအားအန္တရာယ်ဖြစ်ပေါ်နေခြင်း အခြားသူများ၏ကန့်ကွက်မှုရှိခြင်း လမ်းပိတ်ဆို့ထားခြင်းရှိခြင်း မီးရထားသွားလာရေးအတွက်
အနှောင့်အယှက်အဟန့်အတားဖြစ်ခြင်း
နှင့်အနာဂတ်စီမံကိန်းရှိနိုင်မည့်နေရာမျိုးတွင်တည်ဆောက်ထားခြင်းမျိုးတွေ့ရှိပါက
လုံးဝခွင့်ပြုမည်မဟုတ်ပါကြောင်း. အထက်ပါ
အခြေအနေမျိုးမှကင်းလွှတ်ပြီးတိုးချဲ့ဆောက်လုပ်ထားမှုရှိနေပါက. မူလသတ်မှတ်သည့်နေရာထက်ပိုလျှံဆောက်လုပ်ထားမှုအပေါ်. ဌာနဝင်ငွေတိုးစေရေးအတွက်
သတ်မှတ်ငွေကြေးကောက်ခံနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း. သိရှိရပါသည်။
ယဉ်ယဉ်သိန်းနဘား
26.5.2016

0 comments:

Post a Comment