Pages

Wednesday, 25 May 2016

ဖားကန့်တွေမြေစာပုံ ထပ်မံပြိုကျ လူရာချီပျောက်ဆုံးနေပြီး အလောင်း လေးဆယ်ကျော်ခန့်တူးဖော်ရရှိ မေ ၂၄

ဖားကန့်တွေမြေစာပုံ ထပ်မံပြိုကျ လူရာချီပျောက်ဆုံးနေပြီး အလောင်း လေးဆယ်ကျော်ခန့်တူးဖော်ရရှိ

မေ ၂၄

ဖားကန့်မြို့နယ် ဝှေခါမှော်ရတနာကြယ် ကျောက်စိမ်း လုပ်ကွက်အတွင်း ယမန်နေ့ ည ရှစ်နာရီအချိန်ခန့်က မြေစာပြိုကျမူ ဖြစ်ပွားသောကြောင့် ကျောက်ရှာလုပ်သားရာနှင့်ချီ၍ ဖုံးလွှမ်းသွားခဲ့ရကြောင်း ဝှေခါကျေးရွာသားများကပြောကြားသည်။

“ လူနှစ်ရာလောက်တော့ရှိမယ်။ အခုအလောင်းတွေ့တာ လေးဆယ်ကျော် ငါးဆယ်လောက်ရှိပြီ ။” ဟု ကိုမျိုးထွန်းက ပြောကြားသည်။

မြေစာဖုံးလွှမ်းသွားသော နေရာများအား ကုမ္ပဏီနှင့် သက်ဆိုင်ရာက ပြန်လည် တူးဖော်ရှာဖွေခြင်းမျိုးမရှိပဲ နီးစပ်ရာ တူးဖော်နေကြကြောင်းလည်းသိရသည်။

“ ပြိုတဲ့အချိန် မြေသားလိုင်းလုံးကြီး အကြီးကြီးလိမ့်ဆင်းလာပြီးအကုန်လုံးကို ရိုက်ချသွားတယ်လို့ပြောတယ် တစ်ချို့နေရာတွေဆို မြင်တောင်မမြင်လိုက်ရဘူး။ တစ်ချို့လည်းအဝေးကိုလွှင့်သွားပြီးမနက်ကအထိ တစ်ချို့နေရာတွေမှာ သုံလေးလောင်းလောက် ခေါင်းတွေပေါ်နေတာကိုတွေ့ရတယ်။” ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သော ဝှေခါကျေးရွာသားတစ်ဦးကပြောကြားသည်။

မြေစာပုံပြိုကျသောနေရာသည် အန္တရာယ်ရှိသောအနေအထားဖြစ်ကြောင်း ကြိုတင်သတိပေးဆိုင်းဘုတ်များ စိုက်ထူထားခြင်းမရှိကြောင်းလည်းသိရသည်။

“ ကုမ္ပဏီကတော့ ပြိုမယ်ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် ရေမဆေးတွေကလည်း သူ့လောဘ ကိုယ့်လောဘဆိုတော့ ၀င်တာပေါ့။ ဒီနေရာတွေကနောက်ထပ်လည်းပြိုဦးမှာပဲ။ တစ်ချို့နေရာတွေမှာ အိလို့နေထားတုန်းပဲ။” ဟု အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် ကိုမျိုးထွန်း ကဆိုသည်။

ဖားကန့်ဒေသတွင် ကုမ္ပဏီလုပ်ငန်းလုပ်ကွက်များမှ မြေစာပြိုကျမူကြောင့် နှစ်စဉ်လူသေဆုံးမူများဖြစ်ပွားလျှက်ရှိပြီး လွန်ခဲ့သော နှစ်အတွင်းကလည်း မြေစာပြိုကျမူကြောင့် လူရာချီပျောက်ဆုံးမူ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သေးသည်။

0 comments:

Post a Comment