Pages

Wednesday, 16 September 2015

မုန်​တိုင်းသင့်​ နှလုံးသား

"မုန်တိုင်း​​သင့်​နှလုံးသား"

စကားလုံးမရှိတဲ့
အသံမဲ့ကွန်​ယက်နဲ့
နှလုံးသားဝိုင်ဖိုင်​​ကို လာမချိတ်နဲ့.........

အလွမ်းရိုက်​ချက်​ပြင်ြး​ပင်းနဲ့လည်း
က​​ဝေပျိုတစ်​ကောင်လို
ရင်ခွင်​​ကိုရှော့ လာမရိုက်​နဲ့...............

ရင်​ခုန်​သံ​တွေ စည်းချက်​​မှား​​အောင်​ မာယာ​တွေ သီကုံးပြီး
ပ​ဟေဠိတွေ လာငြိမေ​နနဲ့.............

မေတ္တာ​ရေဆန်​လမ်းမှာ
သစ္စာ ​ကမ်း​တွေပြိုလို့
အလွှမ်း​သောင်​ထွန်း​ အောင်​ပဲ
နှလုံးလမ်း​ကြောင်း ကျွန်း​ခံ​လေရဲ့.........

မာယာဝင်္ကပါထဲ
အဆိပ်ခွက်ထဲအချစ်​​တွေထည့်လို့
ေ​ချွးသိပ်​အနမ်းတစ်ခု​အတွက်နဲ့.....
ဘ၀ပါ ဆပ်ခဲ့ရတဲ့ ငါ
မင့်​အပြုံး​အောက်​ဒူး​ထောက်​​လျှက်​ပါ.......

ငါ့နှလုံးသား​လေဖိအားနည်းရပ်​၀န်းမှာ
အပြုံး​ လေနီကြမ်း​တွေဆင်​လို့
မာယာမုန်​တိုင်း လာမတိုက်​နဲ့...........
ေ​​မတ္တာစစ်နဲ့ ချစ်မဲ့...ငါ...
တစ်ကယ်​​​ အသည်းနု လို့ ပါ...........။

0 comments:

Post a Comment