"အားလုံးရဲ့ အမေ"
အမေ....
ကျနော်တို့အားလုံးရဲ့
နှလုံးသားမှာ....
အမေ့ ပုံရိပ်ပဲ
အမြဲ စွဲထင်နေ တယ်လေ.....။
အမေ့နှလုံးသား က
မတရားမှုမှန်သမျှ
ရဲရင့်တတ်ပြီး.......
ပြည်သူ့အတွက်
အမြဲ နူးညံ့တယ် ဆိုတာ
ကျနော်တို့ အသိပါ လေ......
ဒီမိုကရေစီ လမ်း
လျှောက်လှမ်း နိုင်ဖို့
အမေဖောက်ခဲ့တယ် လေ.....
တုနှိုင်းမမီတဲ့ပေးဆပ်မှု နဲ့
ရဲရင့်ခဲ့လို့ လည်း
ကမ္ဘာကအမေ့ကို လေးစားစမြဲလေ......
ပြည်တန်တဲ့ ပတ္တမြား...
ပြည့်နှလုံးသား ကို
ကမ္ဘာ့ခေါင်းဆောင်တိုင်း
တန်ဖိုး ထားတယ်ဆိုတာ......
သမိုင်းက သက်သေပါ အမေ....
ခွေးတွေတော့ ဟောင်တာပေါ့အမေ....
"လမင်းကို ခွေးဟောင်လည်း ရွှေလရောင် ပြောင်မပျက်ပဲ ထွန်းလျှက်ပင် သာ"......ဆိုတာ
သူတို့မှ မသိတာ.......။
အမေလျှောက်ခဲ့တဲ့ လမ်း
ခရောင်းလမ်းပါ အမေ......
အမေမြန်းခဲ့တဲ့ စခန်း
ကြမ်းတမ်း တာလည်း
သားတို့ အသိပါ.......။
အမေ့ဘ၀ကို
ဆယ်စုနှစ်များစွာ
ပြည်သူ့အတွက် ပေးဆပ်ခဲ့တာလည်း သားတို့အသိပဲ......
ဒီမိုကရေစီပန်း
လှမ်း ဆွတ်နိုင်အောင်လည်း
လမ်းပြပေးပါ အမေ.......။
အမေ.....
၂၀၁၅အရွေ့မှာဖြင့်
အမေမျှော်မှန်းတဲ့
"ဒီ" ခရီး နီးလာပြီ အမေ.......။
အမေ့ကို "ဒီ" စခန်းမှာ....
"ဒီ" ပန်း ပန်ဆင်လို့
"ဒီ" နန်းထက်ကို
အရောက် လှမ်းတက်နိုင်စေကြောင်း
ဆုတောင်းမိတယ် အမေ...........။
0 comments:
Post a Comment