Pages

Friday, 11 September 2015

ဆူးစူးနေသောပန်းပျိုးလက်

#Maw Luu's Image
"ဆူးစူးနေသော ပန်းပျိုးလက်"

•ဒီမှာသူငယ်ချင်း
လောကဓံ လှိုင်းတံပိုးကြားက
ဘဝပင်လယ်ထဲ
ရွက်လွှင့်တာချင်းအတူတူ

•ဘာ့ကြောင့်
ဒုက္ခကို အရောင်ဆိုးရတာလဲ...
ဘာ့ကြောင့်
စကားလုံးတွေကို မျိုချပစ်ရတာလဲ...
ဘာ့ကြောင့်
အီဖယ်ကနေ ကျူးလစ်ရနံ့ကို
အမြဲရှူရှိုက်နေတာလဲ...

•ဘာ့ကြောင့်
ဆဗားနား ကွင်းပြင်က ဝံပုလွေခြေရာကို
အားကျရတာလဲ...
ဘာ့ကြောင့်
ဧဝရက် တောင်ထိပ်ကို
လမ်းမပြရတာလဲ ...

•ရာစုနှစ်အနည်းငယ်က
ရင်ခုန်သံချင်း အတူတူ
ပန်းပျိုးလက် ဆူးစူးတာချင်းအတူတူ
ဒါ ဓမ္မ မဟုတ်ဘူး

•ဒါ ....
ဘဝ ပင်လယ်ထဲက
အမြဲထနေမဲ့
လောကဓံ လှိုင်းတံပိုးတွေပါ
သူငယ်ချင်း.....။

0 comments:

Post a Comment