#Maw Luu´ Images
ရှမ်းပြည်နယ်မြောက်ပိုင်း၊နန့်ခမ်းမြို့မှာ
မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့
ရဲသားတစ်ယောက်နဲ့အရပ်သားတစ်ယောက်ကို ရပ်ကွက်လူငယ်တွေကဖမ်းပြီး
ရဲစခန်းကိုလွှဲပြောင်းပေးခဲ့ပါတယ်။
နန့်ခမ်းမြို့၊ကောင်းဆာရပ်ကွက်မှာ
ဇန်န၀ါရီ၂၃ရက်၊ည၁၀နာရီကျော်အချိန်က ရပ်ကွက်လုံခြုံရေးယူနေတဲ့
လူငယ်အဖွဲ့ကဖမ်းတာလို့
ဒေသခံတစ်ဦးက ပြောပါတယ်။
"နန့်ခမ်းရဲစခန်းက ရဲတပ်သား သိန်းဌေးအောင် ကိုယ်ပိုင်အမှတ် ကလ၂၄၀၂၆၄၊အသက်၂၀နှစ်၊
နောက်တစ်ယောက်က စိုင်းထွန်းစံ၊
အသက်၃၀၊ပေါက်နေရပ်ကွက် သူတို့ဆီကနေ ဆိုင်ကယ်တစ်စီးနဲ့ လက်ထိပ်တစ်ခု၊ယာဘဆေးပြား၉၇လုံး၊ဘိန်းဖြူတစ်ပုလင်းခွဲနဲ့မိတာ။အဲ့ဒီကောင်းဆာရပ်ကွက်ကလူငယ်အဖွဲ့၊အုပ်ချုပ်ရေးမှူးတို့ဘာတို့ပါတဲ့အဖွဲ့က ကင်းလှည့်ရင်း
သူတို့ဆိုင်ကယ်ကိုတားပြီးစစ်ရင်းမိတာ။ဒီနေ့မနက်တော့စခန်းကိုအပ်လိုက်ပြီ။"
နန့်ခမ်းရဲစခန်းမှူးက ဥပဒေအရ
အရေးယူဆောင်ရွက်သွားမယ်လို့
ကတိပေးပြောပါတယ်။DVBကဆက်သွယ်မေးမြန်းဖို့ ကြိုစားပေမဲ့
ဲ့အဆက်အသွယ်မရပါဘူး။
နန့်ခမ်းမြို့မှာတော့ ရဲတစ်ဦးကို မူးယစ်ဆေးဝါးနဲ့အတူဖမ်းမိတာ
ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ -ရွှေအောင်(DVB)
0 comments:
Post a Comment