သတင်းနှင့်ခေတ်
ယနေ့သတင်းနှင့်နည်းပညာလောကတွင်လူသုံးများလှ၍အရိုးရှင်းဆုံးမှာပွတ်စကရင်လေးဖြင့်ကြည့်ရသောလူမှုဝက်ဆိုက်ပင်ဖြစ်သည်။နေရာဒေသအသီးသီးမှသတင်းထူးများကိုချက်ချင်းဖုန်းဖြင့်ရိုက်၍လည်းအလွယ်တစ်ကူတင်နိုင်လေသည်။ဥပမာရေကြီးသတင်းများ၊မှုခင်းသတင်းများ၊ပရဟိတလုပ်ငန်းများ၊နည်းပညာအခက်အခဲများ၊ယုတ်စွအဆုံးငွေကြေးချို့တဲ့၍အခက်အခဲဖြစ်နေသူများပင်အနှီဖေ့ဘုတ်ဟုခေါ်သောလူမှုဝက်ဆိုက်မှအကူအညီတောင်းနိုင်ကြလေသည်။
ဤသို့အကျိုးများလှသောဖေ့ဘုတ်သုံးစွဲကြသည်ကိုမကောင်းပြောသူကရှိချေသည်တစ်မုံ့
"ခင်ဗျားတို့ဖေ့ဘုတ်လို့ခေါ်တဲ့social wetsiteကသတင်းတွေကိုမယုံနဲ့"တဲ့
ဟုတ်ကဲ့၊ဒါကတော့ကိုယ်ပိုင်အတွေးအခေါ်ကိုယ်ပိုင်ဥာဏ်ဖြင့်ကိုယ့်သူငယ်ချင်းလုပ်ထားသောသူများထဲမှဘယ်သူရေးတင်လိုက်တာကတော့မှန်၏။ဘယ်သူရေးတင်တာကတော့လုပ်ကြံသတင်းဖြစ်၏ဆိုတာကိုယ်သာအသိဆုံးဖြစ်သည်။
ထိုကဲ့သို့သတင်းမှားလို့သာပြောကြေးဆို
ဘယ်သတင်းမှကိုယ်တိုင်မမြင်ရ၍ရေဒီယို၊ရုပ်မြင်သံကြား၊သတင်းစာတို့ပင်မကြည့်သင့်တော့ပေ။"၎င်းတို့ကောဘယ်လောက်မှန်ပါသလဲ"ဟုမေးခွန်းထုတ်ချင်သည်။
ဖေ့ဘုတ်မှကျမ်းမာရေး၊ပညာရေးအကူအညီတောင်းခံမှုများနှင့်အခြားသူများ၏၀ိုင်းဝန်းကူညီလှူဒါန်းမှုများစသည့်အမှန်တစ်ကယ်အကျိုးရှိစေသောသတင်းမျိုးတွေ့မြင်ရသည်မှာလည်းမငြင်းနိုင်သောအချက်ပင်။
Social wetsiteသုံးသည်ကိုအကောင်းမမြင်နိုင်သူမှာကိုယ်ပိုင်အတွေးအခေါ်ကိုယ်ပိုင်ဥာဏ်ဖြင့်ဖေ့ဘုတ်မှသတင်းများကိုမှန်မမှန်မမြင်နိုင်ပဲသူများပြောစကားခဏဌား၍လူအထင်ကြီးအောင်ပြောခြင်းဖြစ်သည်ဟုနားလည်မိပါသည်။
စစ်ပွဲ သတင်းများ၊ရာသီဥတုသတင်းများ၊ရေလွှမ်းမှုအခြေအနေများ၊ကျမ်းမာရေး၊စီးပွားရေး၊နိုင်ငံရေးအစရှိသည့်သတင်းတို့ကိုအလွယ်တကူသိနိုင်သည်မှာထိုsocial wetsite သုံးခြင်းကြောင့်ဆိုလျှင်လွန်အံ့မထင်။မှန်မမှန်ကတော့ကိုယ်ပိုင်ဥာဏ်ဖြင့်သာဆင်ခြင်သုံးသပ်ရပေမည်။
ထိုလူ့အဖွဲ့အစည်း၏အရေးပါလှသောသတင်းမီဒီယာကားလူမှုအသိုင်းအ၀ိုင်းတွင်အမှန်ပင်လိုအပ်လှပေသည်။မိမိတို့ဒေသတွင်းရှိအဖွဲ့အစည်း၏လုပ်ဆောင်ချက်များ၊အားနည်းချက်၊အားသာချက်များကိုလည်းအချင်းချင်းသိစေနိုင်ရုံမကကျန်သောလူများကိုလည်းစည်းရုံးနိုင်လေသည်။ဥပမာရေဘေးအလှူ၊လမ်းလုပ်အားအလှူ၊သစ်ပင်စိုက်လုပ်အားအလှူ၊စာအုပ်အလှူစသည်တို့ကိုကျယ်ကျယ်ပြန့်ပြန့်သိစေနိုင်လေသည်။ထိုသို့မဟုတ်ပဲလူအများသိစေရန်မလိုပါကမိမိတစ်ဦးတည်းတိုးတိုးတိတ်တိတ်ကြိတ်၍လုပ်ဆောင်ရမည်ဖြစ်ပေသည်။နိုင်ငံရေး၊လူမှုရေးလုပ်သည်ဆိုသည်မှာလူအများနှင့်ဝိုင်းဝန်းလုပ်ဆောင်ရသောကြောင့်လူအများစိတ်ဝင်စားလာအောင်၊စည်းရုံးရေးအသွင်ဆောင်သောသတင်းဝက်ဆိုက်ကားအမှန်ပင်လိုအပ်မည်ဖြစ်သည်။သတင်းဝက်ဆိုက်တို့အရေးပါပုံကိုမသိမမြင်နိုင်သောသူမျိုးလည်းရှိချေသည်။
"မြို့နယ်များ၌အဖွဲ့ကိုယ်ပိုင်ထောင်ထားသောဝက်ဆိုက်မရှိ၊အဲဒါတွေကရှူပ်သည်၊လုပ်လျှင်ကန့်ကွက်မည်"ဟုပင်ဆိုလေသည်။
နောက်ကျနေသည်ဟုသာပြောလိုသည်။မြို့နယ်ကိုယ်ပိုင်ဝက်ဆိုက်များကားထိုသူမမြင်လေသလော။ရှူပ်သည်ဟုပြောရအောင်လည်းကိုယ်ဖြင့်ကြိုးစားကြည့်မယ်မရှိ၊တစ်လနေလို့လိုင်းပေါ်တစ်ခေါက်တက်သူမဟုတ်။တစ်ခြားအဖွဲ့တွေလုပ်ကိုင်ပုံလည်းမလေ့လာ၊သိအောင်လည်းမကြိုးစား၊သူများပြောစကားကိုအထင်ကြီး၍သာဖင်ပိတ်ငြင်းသည်ဟုထင်ပါသည်။
မိမိလုပ်သည်မှလွှဲ၍အခြားသူလုပ်ဆောင်မှုများအားအကျိုးမရှိဟုထင်နေသမျှကာလပတ်လုံးအဖွဲ့အစည်းမှာအကောင်းဆုံးပုံစံသို့ရောက်ရန်အလှမ်းဝေးနေမည်သာ။
0 comments:
Post a Comment