Pages

Monday, 14 September 2015

"မတူကွဲပြားခြင်း"

#Maw Luu´s Images

"မတူကွဲပြားခြင်း"
တွေးမိတာ​လေးပါ
ကျ​နော်​တို့​​ ​တွေ့​နေရ​သောအဖွဲ့အစည်းများမှ တစ်​ချို့ နေရာယူထားသူများဟာ အဖွဲ့ရဲ့ပုံရိပ်​နဲ့စည်းလုံးမှုကို ထိခိုက်​​စေသလားလို့ပါ။နေရာယူခြင်း၊တာဝန်​ခံခြင်းမှာ တစ်ကယ်​​တော့ အများအတွက်​ မိမိကပိုအနစ်​နာခံ၍အများကိုယ်​စား
လုပ်​​ဆောင်​​ပေးခြင်း ဟုနားလည်​ပါသည်​။
သို့​သော်​ ရာထူးနည်းနည်းမြင့်​​သော​နေရာတစ်​ခုသို့ ​ပေးအပ်​ခြင်းခံရ​သော အချို့လူများက ထိုသို့မမြင်​၊မိမိကအားလုံးထက်​ ပို၍​တော်​သဖြင့်​မိမိသာလျှင်​ အ​ရေးပါအရာ​ရောက်​ဆုံးဟုစိတ်​ကြီးဝင်​ကြသည်​ကများ​လေသည်​။
အများ​ပြောတာလည်းလက်မခံ၊​မိမိလုပ်မှ၊မိမိ​​ပြောမှသာ တစ်​ကယ့်​အလုပ်​ဟု
ထင်​တတ်​​လေသည်​။
အခြားသူများ၏အဖွဲ့အစည်း​အကျိုးအတွက်​ ဘာပဲလုပ်​လုပ်​အ​ကောင်းမမြင်​တတ်​ပဲ
အဖွဲ့ကြီးပျက်​ရာပျက်​​ကြောင်း လုပ်​​ဆောင်​သည်​ဟု ​နောက်​ကွယ်​တွင်
မမှန်​သတင်း​ပြောတတ်​ကြ​လေသည်​။
ပုဂ္ဂိုလ်​​ရေးဘက်​လိုက်​တတ်​ကြပြီး
၎င်းတို့အထင်​ကြီးအားကျသူများ၊​သွေးထိုးစကားနှင့်​အကြံ​ပေးမှုများကိုတစ်​​သွေမတိမ်​လိုက်​နာတတ်​​လေသည်​။
အခွင့်​အခါသင့်​က၎င်းဆရာကြီးများ၏
ကျေးဇူးဂုဏ်​ ကိုထုတ်​ကြွားပြီး​၊နေရာ​ကောင်းများရှိလာပါကအများဆန္ဒကို​မေးမြန်းခြင်း၊သ​ဘောထား​တောင်းခံခြင်းမပြုပဲ တစ်​ဖက်သတ်​ ​ထောက်​ခံအတည်ြ​ပုကြ​လေသည်​။
မိမိယူထား​သောတာဝန်​အရ အထက်​နှင့်​​အောက်​ချိတ်​ဆက်​​ပေးခြင်း၊
ပွင့်​လင်းမြင်သာ​​အာင်​ချပြခြင်းမရှိပဲ
အခွင့်​အ​ရေး​ပေါ်လာပါကကြိတ်​လုပ်​ကြိတ်​ကြံတတ်​သည်​။ထိုသို့ကြိတ်​ကြံ၍ အထမ​မြောက်​ပါက အခြားသူများကို
အပြစ်​မြင်​တတ်​​လေသည်​။
တစ်​ကယ်​တန်းလုပ်​စရာ ရှိသည်​တို့​ပေါ်​ပေါက်​ပါက အားလုံး ၀ိုင်းဝန်း​ကူညီလုပ်​​ဆောင်​ကြရပြီး မိမိယူထား​သောတာဝန်​မှ အ​ခြေအ​နေ လုပ်​​ဆောင်​ချက်​များကိုကား အများသိ​အောင်​ချပြ​လေ့မရှိ​ချေ။
ထိုသူမျိုးမှာအလုံးစုံသိ​သော ပညာရှိဟန်​ပန်​မျိုးနှင့်​ အများနှင့်​စကား​ပြောလျှင်
လုပ်​ပိုင်​ခွင့်​ကိုအလွှဲသုံးစားပြု၍ အငြင်းသန်​​လေသည်​။
တစ်​ခြားလူမှ မ​ပြောချင်​၍​နေသည်​ကိုလည်း မိမိ​လောက်​မသိ၊မိမိ​လောက်​မတတ်​ဟု
စိတ်​ကြီးဝင်​ကာ မာန်​တက်​တတ်​​လေသည်​။
အဖွဲ့​ကောင်းကျိုးအတွက်​လက်​ရှိ လုပ်​​ဆောင်​​နေသူများ၏ သ​ဘောထားကို အ​လေးမထား၊အ​မေ​ကျော်​​ဒွေး​တော်​လွှမ်းစိတ်​ဓာတ်​မျိုးနှင့်​​နေရာယူလုပ်​​ဆောင်​​နေသမျှ ကာလပတ်လုံး ​အဖွဲ့အစည်းမှာ အကောင်းဆုံးပုံစံသို့​ရောက်​ရန်​​အလှမ်းေ​၀း​နေအုံးမည်​သာ......................။

0 comments:

Post a Comment