Pages

Sunday, 20 September 2015

ကမ္ဘာ့ငိုရှိုက်​သံ

"ကမ္ဘာ့ငိုရှိုက်သံ"
လူသားတို့........
ငါ့မျက်နှာပြင်​​ပေါ်
သင်​တို့​နေထိုင်​ဖို့
ခွင့်​ပြုလို့ထားတယ်.........။

သင့်ပတ်ဝန်းကျင်
အလှ​​တွေအစုံအလင်
ေ​​နချင်​​အောင်လည်း
ပြင်ဆင်ထားတယ်............။

စား​​သောက်ဖို့​ရာ
ပူပန်စရာ မလို​ပါ.....
သီးနှံအစုံအလင်
ငါ့ေ​​​မြတစ်ခွင်မှာ
စိုက်ခွင့်ရေ​စမယ်...........။

သဘာဝ​တောတန်းတို့
သစ်​ပင်​ပန်းမာန်​လ်​ပြည့်​လို့
သာ ယာလှပ...
စိမ်းမြ​စေမယ်............။

မြစ်​​ချောင်းအင်းအိုင်​တို့
ငါးပုဇွန်​ပြည့်​လို့်လည်း
စားစရာဆို
ပူပန်​စရာမလို.........
ရေချိုများနဲ့
အေးမြ​စေမယ်............။

သက်ရှိများစွာ
ငါ့ကမ္ဘာမှာ
​ေ​အးအတူပူအမ်ွ......
အတူ​တကွ​နေလာ
ယခုထိ​အောင်​ပါ.............။

သင်​တို့ရဲ့အတ္တနဲ့​လောဘက
ငါ့အလှ​တွေ​ခြွေချ​နေပြီ.......
သစ်​ပင်​​တွေတုံးလယ်​​တွေဆုံးလို့
မြစ်​​ချောင်းလဲ​နောက်
တောပါ​ပျောက်​​လေပြီ......
ေ​နပူရှိန်ပြင်း မိုး​​လေကင်းလို့
ဥတုလည်းမမှန် ကန္တာရဆန်​​လေပြီ.....။

စဉ်းစားပါလူသားတို့......
သင့်​မျိုးဆက်​တို့
အေးချမ်းစွာ​နေဖို့..........
ငါ့ကမ္ဘာ မဖျက်​ဆီးဖို့ရာ
"၀ိုင်းဝန်းထိန်းသိမ်း​ပေးပါ" လို့
တောင်းဆိုတယ်​ လူသားတို့..........။

0 comments:

Post a Comment