Friday, 26 February 2016
Home »
» ရှေ့ဆက်မလားနောက်ဆုတ်မလား
ရှေ့ဆက်မလားနောက်ဆုတ်မလား
20:03
No comments
ရောက်တတ်ရာရာ အတွေးများ
~~~~~~~~~~~~~~~~~
မနေ့က ဖိတ်စာတစ်စောင်ရောက်
ရှိလာပါတယ်။ရှမ်းနီအမျိုးသားညီလာ
ခံတက်ရောက်ဖို့ဖိတ်စာပါ။
ဖိတ်သည့်နေရာကမိုးညှင်းမြို့သို့
ဖြစ်ပါတယ်။ပြီးတော့အောက်ခြေမှာ
ရှမ်းနီသမိုင်းကြောင်းနှင့်စပ်လျ ဉ်း
သည့်စာတမ်းများတင်သွင်းပေးကြဖို့
ဖိတ်ခေါ်ထားတာကိုလည်းတွေ့ရပါ
တယ်။စိတ်ဝင်စားဖို့တော့အကောင်း
သား။သို့သော်ရှမ်းနီဆိုတာအပေါ်
ယံလောက်ကိုတာသိတော့တာမို့
ဘယ်လိုလုပ်စာတမ်းပြု စုမလဲ။
ခခွေးတော့ကပ်တတ်ခက်နေပြီလေ။
အေးလေမပြောချင်တော့ပါဘူး။လူ
မျိုးစုအရေးဆိုတော့ပြောရမှာခက်
သားကလား။လူတိုင်းကတော့လူ့အ
ဖွဲ့အစည်းအတွင်းမှာအရေးပေးခံချင်
ကြမှာဓမ္မတာပါ။
ရွေးကောက်ပွဲကာလတုန်းကလည်း
တစခန်းထခဲ့ကြပြီ။ဒါပေမဲ့တိမ်ကော
လုလုလူမျိုးစုကလူ့အဖွဲ့အစည်းနှင့်
ကင်းလုလုမဟုတ်လား။ဒီတော့ရွေး
ကောက်ပွဲမှာရှူံးခဲ့ကြတယ်။
ခုလည်းညီလာခံတရပ်ကျင်းပမလို့
ဆိုပဲ။ကောင်းပါတယ်။ကိုယ့်လူမျိုး
ရေးကိုယ်လုပ်တာအားပေးကြရမှာ
ပါ။ကြိုးစားကြဗျို့။ဒါပေမဲ့ကောက်ရိုး
မီးလိုကြိုးစားမှုမျိုးနဲ့တော့ဖြစ်လာနိုင်
မယ်မထင်ဘူး။ဘာလို့ဆိုရှမ်းနီမျိုး
ဆိုပေမဲ့ဘာသာ ဓလေ့ရိုးရာစသည်ဖြင့်
မျိုးဆက်တော်တော်များများဆက်
ပြတ်ခဲ့ကြတော့သိပ်လက်မခံချင်ကြ
တော့ဘူး။တော်တော်တော့စည်းရုံး
ယူကြရအုံးမယ်။
ခေတ်တွေစနစ်တွေပြောင်းကုန်ပြီ
လေ။ရှေ့ရောက်နေသောစိတ်ကို
နောက်ပြန်ဆုတ်ခိုင်းဖို့ဒီနေ့လူငယ်
တွေကိုအတော်စည်းရုံးယူကြအုံး
မယ်။
ကြိုးစားကြအုံးပေါ့ဗျာ..နော့..။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment