Pages

Friday, 12 February 2016

ကရင်​​ကျေးရွာသို့်​အာဟာရအလှူ

မော်​လူးပုံရိပ်​၏ တတိယအကြိမ်​​မြောက်​ အာဟာရအလှူ

ဖော်​​ဖော်​ဝါရီ(၁၃)ရက်​​နေ့တွင်​ကျ​ရောက်​မည့် ဗိုလ်​ချုပ်​​မွေး​နေ့ အမှတ်​တရ ဂုဏ်​ပြု​​သောအားဖြင့်​ (၈.၂.၂၀၁၆)ရက်​​နေ့က ​မော်​လူး​​ဒေသရှိ ကရင်​​ကျေးရွာ မူလတန်းသို့ အာဟာရအလှူ သွား​ရောက်​ပြုလုပ်​ကြသည်​။

မော်​လူးပုံရိပ်​အဖွဲ့သားများနှင့်​ စိတ်​ပါဝင်​စားတဲ့ တက္ကသိုလ်​ဝင်​တန်းမှ ​ကျောင်းသူ​လေးများ စုစု​ပေါင်းအင်​အား(၂၀)​ကျော်​ဖြင့်​ ကရင်​​ကျေးရွာမူလတန်း​ကျောင်းရှိ ​ကျောင်းသား/သူ (၆၀​)ယောက်​အား ကြာဇံချက်​ အာဟာရအလှူသွား​ရောက်​ ​​ကျွေးကြပါသည်​။

ထို့​နောက်​ ​​ဟော​ပြောပွဲပြုလုပ်​၍ ဗိုလ်​ချုပ်​နှင့်​ပါတ်​သက်​​သော သိမှတ်​စရာများ၊ကဗျာများ၊ ဗဟုသုတများအား ​ကျောင်းအုပ်​ဆရာကြီး ဦးဝင်း​အောင်​ နှင့်​​မော်​လူးပုံရိပ်​မှ အဖွဲ့ဝင်​များမှ အလှည့်​ကျ ​ဟော​ပြော​ပေးကြသည်​။

ကရင်​​ကျေးရွာ မူလတန်း​ကျောင်းမှ ​ကျောင်းအုပ်​ဆရာ၊ဆရာမများ၊​ကျောင်းသား/သူများမှ အာဟာရအလှူလာ​ရောက်​ပြုလုပ်​တဲ့ ကျ​နော်​တို့​မော်​လူးပုံရိပ်​အဖွဲ့သားများအား ​ကျေးဇူးတင်​ကြောင်း​ပြော၍ ဆု​တောင်း​မေတ္တာ ပို့်ကြ​လေသည်​။

ဗိုလ်​ချုပ်​​မွေး​နေ့အမှတ်​တရ အာဟာရအလှူဖြစ်​​မြောက်​​ရေးအတွက်​ လုပ်​အား၊​ငွေအားဖြင့်​ ဝိုင်းဝန်းပါဝင်​ကြတဲ့ ​စေတနာရှင်​များအားလုံးကို ​မော်​လူပုံရိပ်​အဖွဲ့မှ ​ကျေးဇူးတင်​​ကြောင်းနှင့်​ ​နောင်​လည်းပရဟိတ အလုပ်​များကို စု​ပေါင်းလုပ်​​ဆောင်​ကြဖို့ တိုက်​တွန်းအပ်​ပါတယ်​ခင်​ဗျာ။

ထပ်​တိုးအလှူရှင်​များ
ကိုဝင်းလှိုင်​(နန့်​ရုံ)................၂၀၀၀
မကြည်​​အေး(စီး​မော်​)............၂၀၀၀
ဆေရာမ​ဒေါ်သန်းသန်းဆင့်​...၁၀၀၀
ဦး​မောင်​​ကျော်​......................​၅၀၀၀
မ​အေး(​ညောင်​ပင်​သာ)..........၂၀၀၀
မနန်းဦး(​ညောင်​ပင်​သာ)........၂၀၀၀
ိတို့ဖြစ်​သည်​။
တတိယအကြိမ်​၌ အရင်​ဆုံးအာဟာရအလှူပြုလုပ်​ခဲ့သော သက်​ရင်းသာ​ကျောင်းမှ ပို​ငွေနှင့်​​နောက်​ထပ်​ ထည့်​ဝင်​ကြ​သောအလှူ​ငွေ စုစု​ပေါင်း (၇၉၉၀၀) ကျပ်​ဖြစ်​၍ ကုန်​ကျ​ငွေမှာ(၅၄၆၅၀) ကျပ်​ဖြစ်​ပြီး ပို​ငွေ (၂၅၂၅၀) မှ (၂၀၀၀၀)ကျပ်​ကို ​မော်​လူးပုံရိပ်​မှ ကျမ်းမာ​ရေး​အလှူအဖြစ် ​မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ နာယက ကြီးတစ်​ဦးဖြစ်​တဲ့ အသက်​(၇၉)နှစ်​ရှိပြီဖြစ်​တဲ့ ဦးတင်​​ငွေအား ဂါဝရပြု ​ပေးလှူ​ပြီးဖြစ်​သည်​။

ကရင်​​ကျေးရွာမူလတန်း​ကျောင်းသို့ အာဟာရအလှူအတွက်​ ကုန်​ကျ​ငွေစာရင်းမှာ​ ပုံ​ပါအတိုင်းဖြစ်​သည်​။

0 comments:

Post a Comment