Tuesday, 16 February 2016
Home »
» ဗဟုသုတစစစ်တမ်း
ဗဟုသုတစစစ်တမ်း
16:42
No comments
ရွှေတွင်းငွေတွင်းပယင်းဒုတ်ထာ
ရတနာခုနှစ်လီ အစိုးရတော်မူသော
တိုင်းပြည့်သခင်ဘုရင်ထီးဘုရား
ကြီးဘဝခရီးသည် မိန့်တော်မူလိုက်
သည်မှာ ခက်ခဲနက်နဲသောအမေး
ပုစ္ဆာများကို တစ်ခုဖြေဆိုနိုင်ပါက
တောင်စမုဒ်ကအသပြာထောင်ထုပ်
နှစ်ခုဖြေဆိုနိုင်ပါကကျူးကျော်မြေ
ကွက်များတွင်တရားဝင်နေထိုင်မှု
ပေးသနားပြီး၊အားလုံးဖြေဆိုနိုင်ပါက
သမ္မတကြီး ပလ္လင်မှာငါးမိနစ်စာထိုင်
ခွင့်ပေးသနားမည်ဖြစ်ကြောင်းကြေ
ငြာကောင်းသတင်းနှင့်မောင်းကြေး
နင်းခတ်လိုက်သည်ရေမြေ့သခင်
ဘဝရှင်မင်းတရားကြီးဘဝခရီးသည်
အမိန့်တော်.......ဒူ....ဒူ...ဒူ....ဒူ...
ကြားတယ်မဟုတ်လားရောင်းရင်း
ရဲ့.....
ဘာတုံးအဆွေတော်.....
ဝန်မင်းတွေမောင်းကြေးနင်းခတ်
သွားတယ်မဟုတ်လားရောင်းရင်း
ရဲ့......
ဒါတော့ကြားပဗျာ..ဒါနဲ့အမေးပုစ္ဆာ
ဆိုတာကဘာတွေတဲ့တုံး..
ဒီမှာလေ..
ဖတ်ပြစမ်းပါရောင်းရင်းရယ်ကျုပ်
ဖြင့်အမြင်မကြည်လို့ပါ...
ကောင်းပါပြီလေ..ဒါဆိုလည်းနားထောင်ပ...
၃၆။
မိန်းမထဲမှပထမဆုံးနိုဗယ်ဆုရှင်ကို
သင်သိပါသလား...တဲ့
ရောင်းရင်း သိပါ့မလား...။
မာရီကြူ ရီလေ. နောက်ပြီးရူပဗေဒနှင့်
ဓာတုဗေဒ ပညာနှစ်ရပ်အတွက်၎င်း
တစ်ဦးတည်းနှစ်ဆုရဘူးသူလည်း
ဖြစ်ပါတယ်။
၃၇။
ကင်ဆာရောဂါကုသသည့်ရေဒီယံ
ခေါ်ဓာတ်တစ်ခုဘယ်သူတွေ
တွေ့ရှိခဲ့ပါသလဲ....ဒါရောသိပါ့မလား။
မာရီကြူ ရီနှင့်၎င်းခင်ပွန်းတို့စတင်
တွေ့ရှိခဲ့ကြတယ်လေ..။
၃၈။
နောက်တစ်ခုကစက္ကူလုပ်နည်းကို
ရှေးဦးစွာဘယ်လူမျိုးတွေတွေ့ရှိခဲ့ပါ
သလဲ..တဲ့ရောင်းရင်းရဲ့..
တရုပ်လူမျိုးပါ အဆွေတော်..။ဆက်
ဖတ်ပါအုံး...။
၃၉။
စာပုံနိပ်ခြင်းတတ်ပညာသည်ဘယ်
နိုင်ငံ..
အဆွေရယ်စက္ကူလုပ်နည်းစတင်
တွေ့ရှိထားမှတော့စာပုံနိပ်ခြင်း
အတတ်ပညာစတင်ပေါ်ပေါက်မှာကလည်းတရုပ်နိုင်ငံပေါ့ဗျာ..ဟုတ်
ဘူးလား..။
၄၀။
၁၄၃၈ခုနစ်တွင်ဂျာမန်လူမျိုးတစ်ဦး
ကခေတ်မီသောစာပုံနှိပ်စက်ကိုစ
တင်တီထွင်ခဲ့သည်။နာမည်ဘယ်
လိုခေါ်ပါသလဲ။
ဂူးတင်ဗတ်ပါ။ဆက်ဖတ်ပါအုံး။
ပြီးပြီရောင်းရင်း။
အမေးပုစ္ဆာကနည်းလိုက်တာအဆွေ
ရယ်။
နားကြအုံးစို့....။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment