Friday, 5 February 2016
Home »
» မှုခင်းသတင်း
မှုခင်းသတင်း
07:10
No comments
မြိတ်မြို့တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက လူငယ်နှစ်ဦးအား ဆိုင်ကယ်စီး လူအုပ်စုက ဓားများဖြင့် ၀ိုင်းခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြိတ်မြို့ ရေပုန်းရပ်ကမ်းနား သဲကွင်းလမ်းရှိ Lucky star လက်ဖက်ရည်ဆိုင်ရှေ့တွင် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် လူငယ်နှစ်ဦးအား လူမိုက်ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ ၀င်ရောက်ပြီး ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်တစ်စီးနှင့် လူငယ်နှစ်ဦးက ဆိုင်ကယ်ကို ပစ်ချထားခဲ့ပြီး လက်ဖက်ရည်ဆိုင်ထဲကို ၀င်ပြေးလာတယ် အနောက်က ဆိုင်ကယ် ၁၀ စီးနှင့် လူ ၂၀ လောက်က လိုက်လာတယ်။ သူတို့လက်ထဲမှာ ဓားအရှည်အတိုမျိုး စုံပါလာတယ်၊ တုတ်ကိုင်ထားတဲ့သူတွေလည်း ရှိတယ်။ လူငယ်လေးနှစ်ဦးက ဆိုင်ထဲကိုပြေးဝင်ရင်း တစ်ဦးက ခြေချော်ပြီး လဲကျသွားပါတယ်။ အဲဒီလူငယ်လေးကို အနောက်က လိုက်လာတဲ့ သူတွေက ဓားနှင့် ၀ိုင်းခုတ်ကြတာဖြစ် ပါတယ်။ ခုတ်တဲ့ပုံစံက အသေခုတ်တဲ့ သဘောပါ၊ လက်နှင့် ဦးခေါင်းတွေမှာ ဒဏ်ရာရသွားပြီး အနီးနားကလူတွေက ကူညီပေးမလို့လုပ်တာ ဓားတွေနှင့်လိုက်ရွယ်ပြီး ဘယ်သူမှအနားကို မကပ်ဖို့ပြောတယ်။ ဓားတွေကိုယ်စီနဲ့ ဆိုတော့ လူတွေလည်း မလှုပ်ရဲဘူး နောက်တော့ ဆိုင်ကယ်နှင့် အဲဒီကောင်တွေ မောင်းပြေးသွားကြတယ်။ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်သွားတယ်” လို့ အနီးနားမှ မျက်မြင်တစ်ဦးက ပြောကြားခဲ့သည်။
ကမ်းနားလမ်း သဲကွင်းမှာ ညအချိန်တွင် မြို့သူ၊ သားများ အပန်းဖြေစရာနေရာတစ်ခုအဖြစ် သွားလာသူများပြားပြီး လူငယ်တချို့၏ ရန်ပွဲများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
“တစ်ယောက်တော့ ဒဏ်ရာရသွားတယ် အဓိက ဓားနဲ့ခုတ်တဲ့နှစ်ယောက်ကတော့ ထွက်ပြေးနေတယ် အဲဒီအထဲ ပါဝင်ကြတဲ့ သူတွေကိုတော့ စစ်ဆေးမေးမြန်းနေပါတယ် ဓားနဲ့ အဓိကခုတ်တဲ့သူက မြိတ်မြို့၊ ရေနံမြေရပ်မှာနေတဲ့ ဖိုးလပြည့်ဆိုတဲ့လူပါ။ အခုထွက်ပြေး တိမ်းရှောင်နေပါတယ်။ ပြဿ နာဖြစ်တဲ့ အကြောင်းရင်းကတော့ ဆိုင်ကယ်ကို ကျော်တက်မောင်းနှင်လို့ မကျေနပ်ရာကနေ စကားများကြတာပါ။ အဲဒါကို အုပ်စုကောင်းတဲ့ သူတွေက လက်နက်တွေ အားကိုးပြီး ပြစ်မှုကျူးလွန်ကြတယ်။ ဓားနဲ့ အခုတ်ခံရတဲ့ လူငယ်လေးက ရှမ်းချောင်းရပ်မှာ နေထိုင်တဲ့သူပါ”ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အုပ်စုဖွဲ့ကာ လူမိုက်ဂိုဏ်းဆန်ဆန် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေး အရေးယူရမည် ဖြစ်ကြောင်း နောက်ထပ် အတုယူမှားပြီး လူငယ်များကြားတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားရအောင် ရဲတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ပေးသင့်ကြောင်း မြို့ခံများက ပြောကြားလျက်ရှိသည်။မ
0 comments:
Post a Comment