Saturday, 6 February 2016
Home »
» လမ်းကောင်းခြင်းနှင့်သတိထားထားစရာများ
လမ်းကောင်းခြင်းနှင့်သတိထားထားစရာများ
04:00
No comments
(၆.၂.၂၀၁၆)ရက်နေ့
မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး
ကွန်ကရစ်လမ်းခင်းခြင်းမှာ
ကျနော်တို့ မော်လူးဒေသ၊ စီပိန်းရွာထဲအထိ ရောက်နေပြီဖြစ်သည်။
သံကူကွန်ကရစ်ချောင်းကူးတံတားများလည်း ပြီးစီးသလောက်ဖြစ်နေသည်။
ညီညာဖြောင့်ဖြူးသော လမ်းမကြီးတစ်လျှောက်ကျနော်တို့မော်လူးဒေသသားများ ယခု(၂၀၁၆)ခုနှစ်မှ စတင် သုံးနိုင်ကြတော့မည်။ကောင်းလေစွ.....
စိတ်ချမ်းသာရပေတော့အံ........။
သို့သော်..........
တစ်ဖက်က ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်လာပေမဲ့ နိုင်ငံသားတိုင်း၏ တစ်ဦးချင်းအသိစိတ်ဓာတ်မြင့်တက်ဖို့ရာလည်း လိုအပ်လှပေသည်။
စည်းကမ်းလိုက်နာမှုဖြင့် အသုံးပြုမောင်းနှင်ဖို့ရာ အင်မတန် အရေးကြီးသည်။
သို့မဟုတ်ပါက ကျနော်တို့ ဒေသတစ်ဝိုက် စိတ်မချမ်းသာစရာ အနိဌာရုံများ မြင်တွေ့ရပေအုံးမည်။
လမ်းကောင်းသဖြင့် ကားကြီးများ၊ဆိုင်ကယ်များ အရှိန်ပြင်းပြင်း အလုအယက် မောင်းနှင်နေကြသည်။ စက်ပစ္စည်းဆိုသည်ကား စိတ်ချယုံကြည်ရသည်မဟုတ်။အကယ်၍ ကားဘီးပေါက် အရှိန်လွန် တစ်ခုခုဖြစ်ပါက မတွေးရဲစရာ။
ခင်းထားသောလမ်းမှာလည်း ကားကြီးနှစ်စီးပင် ကောင်းကောင်းယှဉ်မောင်း၍မရ၊ တစ်လမ်းမောင်းသာသာဖြစ်၍ ပြိုင်မောင်း၊လုမောင်းပါက အန္တရာယ်များလှသည်။
မူးယစ်သောက်စားမောင်းနှင်ခြင်းများ ရှောင်ကြဉ်ဖို့လိုသလို သတ်မှတ်ထားသော အရှိန်ဖြင့်မောင်းနှင်ခြင်း ၊ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့ လိုက်နာကြဖို့လည်းလိုပေသည်။
ယဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း
အသိပညာပေးခြင်း၊စိစစ်ခြင်းတို့ကို ထိထိရောက်ရောက် လုပ်ဆောင်သင့်လှသည်။
ကျနော်တို့ မြို့တွင်းလမ်းများမှာ အင်မတန်ကျဉ်းမြောင်းရသည့်အထဲ တစ်ခါတစ်လေ ကားနှစ်စီးယှဉ်၍ မြို့တွင်း ၌ အချိန်အတော်ကြာရပ်ထားသောကြောင့် ကျန်ကားကြီးများ မြွေလိမ်မြွေကောက်မောင်းနှင်နေကြသည်ကိုလည်း တွေ့နေရသည်။
အဓိက ဆီတင်ကားကြီးများမှာ ခေါက်ရေလုသည်ထင်သည်။ လုံးဝ အရှိန်မရှော့ပါ။ဖြစ်လာပါက ထိခိုက်နစ်နာမှု ကြီးမားပေသည်။ထို့ကြောင့်လည်း ဖားပန့်အလွန်က ဆီကားမီးလောင်မှု၊နဘားကျေးရွာအနီး ယဉ်တိုက်မှုများက သက်သေပင်။
လမ်းကောင်းလာ၍ ခရီးသွားများ အဆင်ပြေကြသလို......
ယဉ်အန္တရာယ်ကင်းရှင်းစေဖို့လည်း သက်ဆိုင်ရာမှ ကူညီဆောင်ရွက်သင့်ကြောင်းလည်း တင်လိုက်ပါရစေခင်ဗျာ။
0 comments:
Post a Comment