ကောင်းကြရော့ဗျို့
~~~~~~~~~~~~~~~~~~
ကြုံ ခဲ့ရပုံအဖြစ်အပျက်လေးတစ်ခုကို
ပြောချင်နေမိတယ်။တကယ်တော့
ဒီအဖြစ်အပျက်လေးကစိတ်မကောင်းစရာကောင်းသလိုရယ်စရာ
လည်းကောင်းပါတယ်။
ကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်း
အတွင်းမှာလေ့လာမှုအားဘယ်လောက်နည်းပါးနေသလဲဆိုတာ
ကိုဒီအဖြစ်အပျက်ကမီးမောင်း
ထိုးပြနေသလားလို့ပါ။
ဆရာကောင်းဆက်နိုင်စကားငှါးပြော
ရရင်အံ့သြလွန်းလို့သေတော့မယ်
လို့ဆိုရမလိုပါပဲ။
ဒီအဖြစ်အပျက်လေးကကျွန်တော့်
ကိုလည်းလေ့လာမှုတွေထပ်လုပ်ဖို့
သတိပေးနေတယ်။
အဖြစ်ကဒီလို.....
တနေ့သားမှာပေါ့...ကျောင်းတ
ကျောင်းမှာဆိုကြပါစို့။အာဇာနည်
တွေအကြောင်းပြောချင်တဲ့မိတ်ဆွေ
တစ်ဦးကအာဇာနည်ခေါင်းဆောင်
၈ဦးရပြီးတစ်ဦးကိုနာမည်ဖော်မရ
ဖြစ်နေတယ် ပေါ့။တစ်ယောက်ပြီး
တစ် တဆင့်ပြီးတဆင့်မေးရင်း
မြန်းရင်းကျောင်းဆရာတစ်ယောက်
ထံရောက်ပါလေရော။တိုတိုပြောကြ
ပါစို့ဆရာရောကျောင်းသားတွေရော
မေ့နေတဲ့အာဇာနည်တစ်ဦးကို
အမည်ဖော်လို့မရဖြစ်နေကြတယ်။
ကလေးတွေကိုပညာရင်နို့ တိုက်
ကျွေးနေကြတဲ့ဆရာဆရာမကမြန်
မာပြည်ရဲ့အာဇာနည်ခေါင်းဆောင်
တွေကိုမသိတာဝမ်းနည်းစရာ
မကောင်းပေဘူးလား။မြန်မာပြည်ရဲ့
အထင်ကရပုဂ္ဂိုလ်တွေတောင်သိမ
ထားပဲနဲ့မြန်မာ့သမိုင်းကိုဘယ့်နယ်လုပ်သင်နေကြသလဲ။
နောက်တစ်ခုရယ်စရာ့ရယ်စရာ
ကောင်းတာကအာဇာနည်ခေါင်း
ဆောင်တွေရဲ့အမည်ကိုမှအထစ်
အငေါ့မရှိမပြောပြနိုင်ပဲနဲ့သူတို့ကိုယ်
သူတို့နိုင်ငံရေးသမားယောင်ယောင်
လုပ်နေသူတွေ....အင်း...
လောကကြီကတကယ့်ကိုရယ်စရာ
ကောင်းနေပါလား။လူတွေကကိုယ့်
ကိုယ်ကိုတည့်မတ်စွာလမ်းလျှောက်
နိုင်ဖို့ဟန်ဆောင်နေကြတာပဲ။
အေးလေသူများပြောမဲ့အစားမိတ်
ဆွေတစ်ကသခင်မြပါလို့ပြောတာ
တောင်သခင်မြကအဲဒီသေတဲ့အထဲ
မပါဘူးနောလို့ငြင်းခဲ့တဲ့ကျွန်တော်
ကိုယ့်ကိုယ်ကို ရှက်မိပါရဲ့။
အင်း.... ရှက်ပေမဲ့ကြုံ ခဲ့ဆုံခဲ့ပုံလေး
ပြောပါတယ်။
စာကြွင်း။ ဖေ့ဘုတ်နဲ့ဆုံးဖြတ်လိုက်
ရတယ်။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment