Thursday, 18 February 2016
Home »
» သီချင်းနဲ့အတူစီးမျှောခြင်း
သီချင်းနဲ့အတူစီးမျှောခြင်း
05:48
No comments
သီချင်းနဲ့စီးမျှောခြင်း
ကျနော်တို့ မော်လူးဒေသရဲ့ နာမည်ကျော် ကိုးတိုက်နယ် ဒီပင်္ကရာဘုရားပွဲတော် ကို (18.2.2016)ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်တယ်။
ပွဲတော်ရက်မရောက်ခင် တစ်ပတ်အလိုကစပြီး အချို့ဆိုင်ခန်းများ ၀င်ရောက်ရောင်းချနေပြီဖြစ်တယ်။
ဒီနှစ်လဲ မနှစ်တုန်းကလို အရက်သေစာမရောင်းရဘူးလို့ ထပ်ပြားဟောင်းကြီးတချပ်လို ကြားမိပြန်လို့ ရေးမိပြန်တယ်။
ဘာတဲ့ညယ်.......
"ဒုတ်၊ဓါး၊လက်နက်
ကိုင်ဆောင်ခြင်း၊ရောင်းချခြင်း၊ အရက်သေစာရောင်းချခြင်းများကို
ပွဲတော်အတွင်း တားမြစ်ထားတယ်"ဆိုလား
"ဖောက်ဖျက်ကျူးလွန်ပါက သက်
ဆိုင်ရာအာဏာပိုင်အဖွဲ့ က
အရေးယူဆောင်ရွက်မည်"ဆိုလား......
အလား....အလား.....။
ကျနော်ဖြင့်ဝမ်းနည်းမိတယ်ဗျာ။တစ်ကယ်ပါ။ပွဲတော်မှာ အရက်ကမပါမပြီး ကိုတာတီးမို့လေ....ပြီးတော့ အရက်ကိုလိုင်စင်နဲ့ရောင်းချသူတွေမှာလည်းပွဲတော်ရက်ကိုမျှော်လင့်ချက်ကြီးကြီးထားပြီးသွားရောင်းကြတာလေ....အရက်ဆိုင်တွေ၊စားသောက်ဆိုင်တွေ၊အကြော်ဆိုင်တွေကလည်း ဒီအရက်ကိုမှီပြီး မှရောင်းရတာလေ.....ပြီးတော့ လိုင်စင်ရမော်လူးက ဘီယာဆိုင်အချို့လည်း ပွဲတော်ကို ငွေပုံကြီးမြင်လို့ ထွက်ရောင်းကြတာလေ....အဲဒီ ဆိုင်တွေအတွက်တွေးပြီး စိတ်မကောင်းဘူးဗျာ.....မလုပ်ကြပါနဲ့.....သူများတွေပျော်ပွဲရွှင်ပွဲ မှာ အရက်မရောင်းချရဆိုတာ သူများစီးပွားရေးကိုပိတ်ပင်နေသလားလို့....ပွဲတော်ဈေးရောင်းသွားသူတွေတော့ ဒီနှစ်အမြတ်နည်းတော့မှာပဲ....စိတ်အပုံးကြီးမကောင်းဘူးဗျာ......တစ်ကယ်ပါ။
တစ်ဖက်ကပွဲတော်ကျင်းပရေးတာဝန်ယူရတဲ့အာဏာပိုင်တွေကိုလေးစားဂုဏ်ယူမိတယ်....မှန်တာပေါ့....စီးပွားရေး၊လူမှုရေးကြည့်နေလို့မရဘူးလေ.....ပွဲတော်ကို အမှုအခင်းနည်းအောင်လို့ ပွဲတော်လာကြသူတွေစိတ်ချမ်းသာ၊ကိုယ်ချမ်းသာ ပျော်ကြစေဖို့ မျက်နှာမလိုက်တာ အကောင်းဆုံးပဲမဟုတ်လား.....စည်းကမ်းရှိရှိ၊တာဝန်သိသိ လုပ်ပေးကြတဲ့ အာဏာပိုင်အဖွဲ့အစည်းဆိုတာ ကျနော်တို့ ဒေသမှာရှိတာ အင်မတန်ဂုဏ်ယူစရာပါ။လေးစားမိတယ်လေ.........
ကြည့်လေ မနှစ်ကလဲ အရက်မရောင်းရဆိုပြီး အရက်ဆိုင်တစ်ဆိုင်ကို တိတ်တိတ်ပုန်းရောင်းချခွင့်၂သောင်းကျပ် လိုက်ကောက်ပေးတာလည်း သူတို့အတွက်ပဲမဟုတ်လား။ သူတို့စီးပွားရေးအဆင်မပြေမှာကို ကိုယ်ချင်းစာလို့၊စာနာလို့ လုပ်ပေးတာ လေးစားစရာပဲလေ......
အကြော်ဆိုင်နဲ့ခေါက်ဆွဲဆိုင်တွေကို စေတနာလေးထားပြီး တိတ်တိတ်ပုန်းရောင်းချခွင့်ပေးတာ ပဲ နားလည်ရမှာပေါ့။မနှစ်က ဆိုင်ပေါင်း(၇)ရာကျော်လောက် ရှိတာ "သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေ" နှစ်ဦးနှစ်ဖက်မျှတပြေလည်စေဖို့လုပ်ပေးတာ ချီးကျူးမိတယ်.....တစ်ကယ်ပါ။
သတင်းထောက်တွေ လား....သူတို့လည်းစားပွဲသောက်ပွဲလေးနဲ့ နည်းနည်းပါးပါခွံ့လိုက်ရင် ပြီးတဲ့ဟာကို နော့။သိသာသိစေ။မမြင်စေနဲ့ မဟုတ်လား......ပုလင်းတူ ဗူးဆို့တွေပဲလေ...စည်းလုံးညီညာအောင်ကြောင်းဖြာဆိုတာတောင်ရှိတယ်မို့လား.........။
နောက် ဘောလုံးပေါက် ဂွေလှိမ့်၊မြှားပစ်က "လောင်းကစားမလုပ်ရဘူး"ဆိုပေမဲ့ ပွဲတော်လာကြတဲ့သူတွေ အတွက်စိတ်ပျော်ရွှင်ဖို့ ခွင့်ပြုပေးတာကလည်း တွေးပြီးလေးစားမိပြန်တယ်လေ....ဖြစ်ရမှာပေါ။့ကိုယ့်နယ်သူနယ်သားတွေပျော်ရွှင်ဖို့ အရေး ဒီလိုစိတ်အပန်းဖြေစရာလေးလဲပါအောင်ထည့်ပေးလို့ကျေးဇူးတောင်တင်ရမှာ.....
နောက်ရံပုံငွေ ကံစမ်းမဲလက်မှတ်လဲ ရောင်းမကုန်ရင်၊ရပ်ကွက် ဆယ်အိမ်ခေါင်းတွေနဲ့ ကုန်အောင်အတင်းလိုက်ရောင်းတာလဲ ကိုယ့်နယ်က လူထုကောင်းစားရေးအတွက် စီစဉ်ပေးတာပဲလေ......
တွေးကြည့်ရတာတော့ အာဏာပိုင်အဖွဲ့ဆိုတာလည်းပုထုဇဉ်မို့ လာဒ်ပေးလာဒ်ယူဘယ်ကင်းနိုင်ပါ့မလဲ....ဒါကိုမကောင်းမြင်တဲ့သူတွေ ရှိတာ တယ်ဆိုးတာပဲ....
အရက်ရောင်းချခွင့်မပေး ဘူးလို့ ကြားကောင်းအောင်တော့ပြောရတာပေါ့။ ဒါမှလူရှိန်မှာမဟုတ်လား။ခက်ခဲတဲ့အလုပ်ဆို ပိုပြီးအမြတ်များများရတာမှ သူတို့မသိပဲလေ နော့။
လူတွေကလည်း ခက်ခဲတဲ့အရာမှ ပိုလိုချင်ကြတာ သဘာဝပဲလေ။
အခုလည်း အရက်မရောင်းရဆိုတော့ ချောင်းထဲဖက်က ဆိုင်းခန်းတွေအကုန်ပြန်အပ်ကြတယ်ဆိုလား၊ကြားမိတာပါညယ်.....အထက်ကိုသွားညှိတာ မီးစိမ်းပြတယ်ဆိုလား ဖြစ်ရမှာပေါ့ ။ပူးပေါင်းဆောင်ရွက်ရင်အရာရာအောင်မြင်နိုင်မှာမဟုတ်လား။
လူတွေက ဒါတွေ မမြင်ပဲပြောနေကြတာ ကျနော်ဖြင့် ခံပြင်းတယ်ဗျာ။ဘာတဲ့"သူတို့ ထုတ်ပြန်တဲ့ စည်းကမ်းကို တစ်နှစ်လောက် တာဝန်ယူ၊တာဝန်ခံပြီး မှန်မှန်ကန်ကန်လုပ်ခဲ့ဘူးလား"လို့ မေးနေကြလို့လေ။
တော်ပြီဗျာ....ကျနော်လည်း သီချင်းဖွင့်ပြီးအနားယူအုံးမယ်....ခင်ဗျားတို့အစား ပြောကြတဲ့လူတွေကိုစိတ်ပျက်မိလို့........
သီချင်းကလည်းတိုက်တိုက်ဆိုင်ဆိုင်......"ပေါ်..ပေါ့..ပေါ် ...ပေါ်..ပေါ့..ပေါ်......ပေါ်...ပေါ့...ပေါ်...မလုံ .....မလုံ"
0 comments:
Post a Comment