Pages

Friday, 12 February 2016

"​မော်​လူးပုံရိပ်​ရဲ့​စေတနာအလှူ"

မော်​လူးပုံရိပ်​ အဖွဲ့သားများရဲ့ မွန်​မြတ်​​စေတနာအလှူ
(၁၂.၂.၂၀၁၆)ပြည်​​ထောင်​စု​နေ့။

ကျ​နော်​တို့​မော်​လူးဒေသ ဝန်းကျင်​မှ မူလတန်း​ကျောင်းသူ/သား​လေးများအား ဗိုလ်​ချုပ်​မွေး​နေ့ အထိမ်းအမှတ်အဖြစ်​​ အာဟာရအလှူကို နှစ်​စဉ်​ပြုလုပ်​လာသည်​မှာ
ယခုနှစ်​နဲ့ဆို ၃နှစ်​​မြောက်​ရှိပြီဖြစ်​သည်​။

ယခုနှစ်​ အာဟာရအလှူအဖြစ်​ (၄.၂.၂၀၁၆)ရက်​​နေ့က ​ကျောင်းသားဦး​ရေ (၅၆​)ယောက်​ရှိ​သော သက်​ရင်းသာ​ကျေးရွာမူလတန်း​ကျောင်းနှင့်​ (၈.၂.၂၀၁၆)ရက်​​နေ့က ကျောင်းသားဦး​ရေ (၆၀)ယောက်​ရှိ​သော ကရင်​​ကျေးရွာမူလတန်း​ကျောင်းများသို့
သွား​ရောက်​​ကျွေး​ကြပါသည်​။

ယခုနှစ်​တွင်​​မူတန်း​ကျောင်းနှစ်​​ကျောင်းသို့ သွား​ရောက်​နိုင်​၍ အင်​မတန်​ ​ကျေနပ်​ဝမ်း​မြောက်​ရပါသည်​။

ကျောင်းနှစ်​​ကျောင်းသို့​ အာဟာရအလှူအဖြစ်​ ကြာဇံချက်​ ကျွေးပြီးပိုသည့်​​ငွေ (၂)သောင်း​ကျော်​အား ​နှောင်​နှစ်​​တွင်​ကျွေး​ရန်​အတွက်​ ​မော်​လူးပုံရိပ်​အဖွဲ့မှ ထိန်းသိမ်းထားရှိပါသည်​။

ကျ​နော်​တို့ ​မော်​လူးပုံရိပ်​အဖွဲ့၏ထူးခြားချက်​မှာ ကုန်​ကျ​ငွေ နှင့်​အလှူခံရရှိ​ငွေစာရင်းအား လိုက်​ပါကြသူနှင့်​​ကျောင်းအုပ်​ကြီးများသို့် ​ကျွေး​သည့်​​နေ့တွင်​ပင်​ အများသိ​စေရန်​ ထုတ်​ပြန်​ဖြန့်​​ဝေ​ပေးပါသည်​။

မည်​သည့်​နှစ်​မှ ​ထုတ်​ပြန်​ရန်​နောက်​ကျခြင်း၊ မထုတ်​ပြန်​ပဲ အသိမ​ပေးပဲ​နေခြင်းများမရှိပါ။

ယခုလည်းကျ​နော်​တို့်​မော်​လူးပုံရိပ်​အဖွဲ့၏ အာဟာရအလှူမှ လက်​ကျန်​​ငွေ နှစ်​​သောင်း​အား ဆက်​လက်​လှူဒါန်းရန်​ အ​ကြောင်းဖြစ်​​ပေါ်လာပုံကို တင်​ပြပါမည်​။

ှ​မော်​လူးအုပ်​စု၊အမျိုးသားမိုက​ရေစီ အဖွဲ့ချုပ်​မှ နာယကကြီးတစ်​ဦးဖြစ်​သူ ဦးတင်​​ငွေသည်​ အသက်​အရွယ်​ကြီး၍ နာမကျန်းဖြစ်​​နေသည်​ဟု ကြားသိရသော​ကြောင့်​ ​မော်​လူးပုံရိပ်​မှ အဖွဲ့ဝင်​များနှင့်​တိုင်​ပင်​၍ လက်​ကျန်​​ငွေ(၂)သောင်းကို ယ​နေ့​နေ့လည်​(၁၁း၃၀)အချိန်​တွင်​ သွား​ရောက်​ဂါဝရပြု​ပေးအပ်​ကြပါသည်​။

မော်​လူးပုံရိပ်​သို့ အာဟာရအလှူအတွက်​ ထည့်​ဝင်​ကူညီသော အလှူရှင်​များနှင့်​အဖွဲ့ဝင်​များအား သာဓု​ခေါ်ဆို၍ ကုသိုလ်မျှ​​ဝေရရှိ​စေဖို့ရာ ​မော်​လူးပုံရိပ်​ မှ ​ရေးသား​ဖော်​ပြလိုက်​ပါတယ်​ခင်​ဗျာ။
ပါဝင်​ကြသူများအား ​ကျေးဇူးတင်​လျှက်​....................။

0 comments:

Post a Comment