ကျနော်တို့ မော်လူးဒေသတွင် နှစ်စဉ်နှစ်တိုင်း တပို့တွဲလရောက်တိုင်း
ကျင်းပသော ဘုရားပွဲ နှစ်ပွဲရှိလေသည်။
မော်လူးမြို့အထွက် ဟဲနုကျေးရွာအနီး၊"ဟဲနုတောင် တပ်ဦးဓာတ်ပေါင်းစုစေတီဘုရားပွဲ" နှင့် ကိုးတိုက်နယ်လုံးနှင့်ဆိုင်သော နာမည်ကျော်"ဒီပင်္ကရာမဟာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်"ဟူ၍ နှစ်ပွဲကို လပိုင်းသာခြား၍ ကျင်းပလေသည်။
ဟဲနုတောင်ဘုရားပွဲမှာ အရင်စော၍ အစဉ်အလာမပျောက်ပျက်အောင် ကျင်းပခြင်းဖြစ်ပြီး စည်ကားမှုသိပ်မရှိလှ။ထို့နောက်တွင်မှ အင်မတန်စည်းကားလှသော ဒီပင်္ကရာဘုရားပွဲကိုကျင်းပခြင်းဖြစ်သည်။
ထိုဘုရားပွဲတော်တို့ကျင်းပနိုင်ဖို့ နှစ်စဉ် မော်လူးမြို့ပေါ်ရပ်ကွက်များမှ ဘုရားပွဲတော်ကြေး ကောက်ခံလေ့ရှိသည်။
ဟဲနုတောင်ပေါ်ကျောင်းနှင့်ဒီပင်္ကရာဘုရားပွဲနှစ်ခုလုံးအတွက် ဒေသသားတို့ ထည့်ဝင်ရသည်။
မော်လူးဒေသ ဖွံ့ဖြိုးသာယာရေးအတွက် ဘုရားပွဲတော်ကျင်းပနိုင်ဖို့ ဒေသသား တို့
ဝိုင်းဝန်းပါဝင်ရခြင်းဖြစ်သည်။မိမိဒေသ အကျိုးအတွက် အင်မတန် မွန်မြတ်သော အလုပ်ပေတည်း........................။
သို့သော်.................
ဘုရားပွဲကြေး၊အရပ်ကြေးတို့် ထည့်ဝင်၍ မိမိရပ်ရွာအတွက် ပူးပေါင်းပါဝင်သော်လည်း ရပ်ရွာနှင့်သက်ဆိုင်သော နေရာဌာန များ မှာ မျက်နှာလိုက်၍ ဘက်လိုက်၍ သာ ပြုကြသည်မှာ မျှတမှုအတွက် မေးခွန်းထုတ်စရာပင်။
"ဥစ္စာနှင့် အာဏာ ပူးပေါင်းကြသောအခါ မျှတမှုတို့ ဆိတ်သုဉ်းကုန်ရာ၏"........
ဟု ပြောနိုင်သည်။
ကိုယ်နှင့်အမြင်မတူ၊အယူအဆမတူ ဝါဒစွဲမတူ ၊ပါတီချင်းမတူလျှင် ရန်သူသဖွယ် ပိတ်ပင်တားမြစ်ခြင်း ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ ပြုလုပ်လေသည်။
ပမာဆိုရလျှင် မနှစ်က(၂၀၁၅ခုနှစ်)ကျင်းပသော "တတိယအကြိမ်မြောက် စာပေဟောပြောပွဲ" မှာ ကြုံရသည့်အဖြစ်အပျက်များက ထင်ရှားစေသည်။
ပြည်သူ့အားကစားကွင်းဖြစ်သော မော်လူးဘော့လုံးကွင်း၌ ကျင်းပခွင့်မပြုခြင်း၊ကျင်းပနေစဉ်အတွင်း အနှောက်အယှက်ပေးခြင်းတို့ အမျိုးမျိုးပြုလုပ်လေသည်။
ပွဲကျင်းပနေစဉ်အတွင်း (၁၅)မိနစ်တစ်ခါ၊နာရီဝက်တစ်ခါ လျှပ်စစ်မီးဖြတ်လိုက်၊လာလိုက်ပြုလုပ်သည်မှာ ဘာ့ကြောင့်ဆိုတာတော့ ကာယကံရှင်များ အသိဆုံးဖြစ်မည်။
မော်လူးဘော့လုံးကွင်းသည် နိုင်ငံတော်ပိုင်ကွင်းမဟုတ်ပါ။ပြည်သူပိုင်ကွင်းဖြစ်၍ အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်တောင်းခံရန်မလိုပါ။ထို့ပြင်မော်လူးဒေသသားများ၏ ပြုစုစောင့်ရှောက်မှုဖြင့် လူလားမြောက်လာခြင်းဖြစ်သည်။
သစ်သားတိုင်များ ဘော့လုံးကွင်းပတ်ပတ်လည် ကာတုန်းကလဲ အရပ်သူအရပ်သားတို့၏ ထည့်ဝင်ငွေများ၊လုပ်အားဖြင့် ဝိုင်းကြရသည်။ အဆောက်အဦးများ ဆောက်လုပ်သည်မှာလည်းပြည်သူတို့၏အားများ၊ထည့်ဝင်ငွေများ၊ခွဲတမ်းကြေးများဖြင့် ပြောင်းလဲလာခြင်းဖြစ်သည်။
"စတုတ္ထအကြိမ်စာပေဟောပြောပွဲ" ကတော့ မော်လူးဒေသသားတို့အတွက် အံအားသင့်စရာဖြစ်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် မော်လူးကိုကျော်ပြီး အနီးအနားက စည်းမော်ဘုန်းတော်ကြီးကျောင်းမှာ သွားရောက်ကျင်းပရ၍ဖြစ်သည်။မော်လူးဒေသ၏ မှတ်တမ်းတစ်ခု ရေးထိုးရသော နှစ်ဖြစ်သည်။
အရပ်ကြေး၊ကျောင်းကြေး၊ဝါဆိုကြေး၊ဘုရားပွဲကြေး ၊အပျိုကြေး၊လူပျိုကြေး အစရှိသည့်ကြေးများ ထည့်ဝင်ထမ်းဆောင် ရပါလျှက် ပါတီမတူလျှင် ကျင်းပခွင့်နေရာ ခွင့်မပြုသော ဘုန်းတော်ကြီးကျောင်းမျိုးလည်း စဉ်းစားဖွယ်ရာပင်။
ဤကဲ့သို့ အာဏာရှင်စရိုက်ကိုသာ ကျင့်သုံး၍ ပါတီချင်းမတူလျှင် မိမိအာဏာဖြင့် ပိတ်ပင်တားဆီးသော စနစ်မျိုးကို ကျနော်တို့မလိုလား၍ မြန်မာပြည်သူ တစ်ရပ်လုံးက လက်သန်းအားဖြင့် အာဏာရှင်စနစ်ကို ဖြုတ်ချပြီးဖြစ်သည်။
ပြောင်းလဲချိန်တန်ပြီ ဆိုသည်ကား ထိုဖြစ်ရပ်များကသိသာထင်ရှားစေသည်။
တော်သေးတာပေါ့ဗျာ ပြည်သူအားနဲ့ nld မဲနိုင်ပြီး အစိုးရဖွဲ့နိုင်လို့။နောက်မို့ ကျနော်တို့ ပါတီဝင်တွေကို ဘယ်လောက်များ နှိပ်ကွပ်ခံရမယ် ဆိုတာ စဉ်းစားကြည့်ပါ...........
့ကျနော်တို့မှာ ခွင့်လွှတ်တဲ့စိတ်၊ကျေအေးတဲ့စိတ်တွေ အပြည့်ရှိပြီးသားပါ `ပေ´ဖြစ်တုန်းခံပြီး တူဖြစ်လျှင် နှံမဲ့အထဲ မပါဘူးဆိုတာတော့ ပြောလိုက်ပါရစေ ခင်ဗျာ.......။
လူဆိုတာကလည်း ကိုယ့်သမိုင်းကိုယ်ရေး၊ ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာ မဟုတ်လားဗျ.....သမိုင်းမကောင်းရင်တော့ လျှောက်မဲ့လမ်းလည်း .....မကောင်းနိုင်ဘူးဆိုတာ.........သတိပေးပါရစေ ခင်ဗျာ...........။
0 comments:
Post a Comment