Pages

Saturday, 17 September 2016

မိုးညှင်းမြို့၏အရှေ့တောင်ဘက်တွင် မိုင်းကွဲ၍ လူနှစ်ဦးသေဆုံး

17-9-2016
ကချင်ပြည်နယ် မိုးညှင်းမြို့၏အရှေ့တောင်ဘက် ၂မိုင်ခန့်အကွာ မြို့ရှောင်လမ်း နှင့် ၄ဖာလုံ တောင်ယာသွားလမ်း(နန့်ဂျမ်း)လမ်းတွင် ယနေ့ (၁၂း၁၅)အချိန်၌ မိုင်းပေါက်ကွဲ၍ အမျိုးသား(၂)ဦးမိုင်းစများထိမှန်သေးဆုံးသွားကြောင်းသတင်းရှိပါသည်။သေဆုံးသူများမှာတောင်ယာအခင်းသွားကြသော အောင်သပြေ(၁)ရပ်ကွက်တွင်နေထိုင်သောအိမ်အမှတ်(၂၃၈)မှ ကိုမြင့်ဦး(သ)(၄၁)နှစ်(ဘ)ဦးဋ္ဌေးလှိုင် နှင့်အိမ်အမှတ်(၂၃၉)မှ ကိုမျိုးဝင်း(သ)(၃၀)နှစ်တို့ဖြစ်ကြပြီး သေဆုံးသူများမှာ မယားညီအစ်ကို များဖြစ်ကြကြောင်သိရှိရပါသည်။
သေဆုံးသူများအား မြန်​မာနိုင်​ငံ မီးသတ်တပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့၊မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှာ မိုးညှင်းပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

CREDIT##nyi nyi nyinyimyint

0 comments:

Post a Comment