Pages

Saturday, 3 September 2016

ငါတို့ အားလုံးရဲ့ ...ဗ ဂမ်

အို ဟောင်းနွမ်းသောနံရံအုတ်ချပ်ကြား
အရင်စစ်အစ်ုးရ အုတ်အပဲ့ညှပ်ထည့်သွား
ဂဝံ သဲ ကျောက်အရောနဲ့ သံချောင်းတွေအစားလဲ
နည်း အသစ်နဲ့  ပုဂံ..
ပထမဆုံးသော လုပ်ကြံခံ။

သူရဲကောင်းတို့  ငိုသံသောသောညံ
တရုတ်ပိုက် နဲ့  ဋ္ဌာပနာ လုပ်ရက်သတဲ့ သူတို့ ပေါင်းပြီးကြံ
ရာစုနှစ်အဆက်ဆက် ငါတို့ ဘုရားကိုပါ ဂျင်း ထည့်
အရင် စစ် အစိုးရ ရဲ့ ကလိမ်အကွက်
ပုဂံ....

ကြီးမြတ်လေတဲ့ သမိုင်းအသစ်နဲ့ lessonရောထိပြန်
မင်းတရားအနော်ရထာ နောက်ဘဝက ပြန်လည်ထကြည့်ရန်
ပုဂံအပြိုမှာ အုတ်အကြေ နဲ့  တရုတ်ပိုက် တွေ့ လေရဲ့
အသက်ထွက်ရတဖန်
ပုဂံ...
ဘုံလုံးသီးနှပ်ဖြစ်ပြီ အမှန်
ပုဂံ..
အစာသွတ်ခြင်းရဲ့ အသုံးတော် ခံ။

ငါတို့ အားလုံးရဲ့ ...ဗ ဂမ်

ချစ်ခြင်းအားဖြင့်
အိုစမာမာလာခင်

0 comments:

Post a Comment