ရတစကခ(၇)မှဗိုလ်ကြီးကျော်သူထွန်းဦးစီးတပ်စိတ်(၁)စိတ်နှင့်ဒုရဲမှူးဝင်းကျော်ဦးစီးအဖွဲ့တို့သည်
စက်တင်ဘာ(၈)ရက်နေ့၊နေ့လည်(၁၂.၃၀)အချိန်ခန့်တွင်
မူးယစ်ဆေးဝါးအထူးသတင်းအရ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာနှင့်တာမခံကျေးရွာသွားကားလမ်းမပေါ်တွင်စောင့်ဆိုင်းနေစဉ်
ကြိုတင်သတင်းရရှိထားသော
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊မှော်ဂလုံကျေးရွာတွင်နေထိုင်သူ
လဇိန်တူးရိန်(၄၉)နှစ်(ဘ)ဦးလဇိန်လရော်
၁/မမန(နိုင်)၀၀၉၀၃၄
မောင်းနှင်လာသည့်ယာဉ်အမှတ်(၅ဂ/၁၂၇၈)
TOYOTA SURFအမျိုးအစား၊အနီရောင်ယာဉ်အားရပ်တန့်ခိုင်းပြီးမူးယစ်တပ်ဖွဲ့စု(၃)မော်ဝမ်းမူးယစ်ရုံးသို့မောင်းနှင်ခဲ့စေကာ
အသိသက်သေများရှေ့တွင်စစ်ဆေးရှာဖွေရာ
ယာဉ်၏နောက်ဘက်ပစ္စည်းထည့်သည့်အခန်းတွင်
ရောင်စုံဆပ်ပြာခွက်နှင့်ထည့်ထားသည့်
ဘိန်းဖြူဟုယူဆရသောအဖြူမှုန့်အလေးချိန်(၁၂)ဂရမ်စီခန့်ပါ(၂၆၅)ခွက်၊
(၁၃)ဂရမ်စီခန့်ပါ(၃၅၁)ခွက်၊
စုစုပေါင်း(၆၁၆)ခွက်အလေးချိန်(၇၇၄၃)ဂရမ်၊ကာလတန်ဘိုး(၇၇၅၅၈၅၀၀)ကျပ်ခန့်
အားအသိသက်သေများရှေ့မှောက်တွင်သိမ်းဆည်းခဲ့ပြီး
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁
အရအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းသတင်းရရှိပါသည်။
Thursday, 8 September 2016
Home »
» ဖားကန့်မြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မိုးကောင်း ၊ စက်တင်ဘာ - ၉
ဖားကန့်မြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ မိုးကောင်း ၊ စက်တင်ဘာ - ၉
18:01
No comments
0 comments:
Post a Comment