“နေအိမ်တွင်းဝင် ဓားဖြင့်ထိုးပြီး ရွှေထည်များ လုယူမှု မန္တလေးတွင် ဖြစ်ပွား”
မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့(စက်တင်ဘာလ ၆ ရက်)နံနက်၁၁နာရီခန့်က အသက်ငါးဆယ်နှစ်အရွယ် အမျိုးသမီးကို ဓားဖြင့်ထိုး၍ ရွှေထည်ပစ္စည်းများလုယူမှုဖြစ်ပွားခဲ့သည်။
နေအိမ်တွင် ဒေါ်နီနီအောင်တစ်ဦးတည်း ရှိနေစဉ် ယခင်အလုပ်သမားဟောင်းနှစ်ဦးဖြစ်သူ အသက်၂၀အရွယ်ရှိအမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးကာ ရွှေထည်ပစ္စည်းများ လုယူခဲ့ခြင်းဖြစ်ကြောင် ဒေါ်နီနီအောင်၏ မောင်ဖြစ်သူ ဦးရဲဝင်းအောင်က ပြောသည်။
“အခုလောလောဆယ် ခွဲစိတ်ခန်းဝင်ဖို့လုပ်နေတယ် ဒဏ်ရာကတော့များတယ် ဘေးပတ်ဝန်ကျင်ကမြင်လို့အော်မှထွက်ပြေးသွားတာ”ဟု ဦးရဲဝင်းအောင်က ပြောသည်
ဓာတ်ပုံ- ဖြိုးဖြိုးဇော်
0 comments:
Post a Comment